Connect with us

Videos

တရုတ်နိုင်ငံက ရေနံ တန်ချိန် သန်း ၁၀၀ ရှိသော ရေနံလုပ်ကွက် ရှာဖွေတွေ့ရှိ

လန်ကျိုး၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် ဟွမ်ရှန့်ခရိုင်တွင် ရေနံတန်ချိန် သန်း ၁၀၀ ကျော်ရှိ၍ ကြီးမားပြီး ကောင်းမွန်စွာထိန်းသိမ်းထားသော ရေနံလုပ်ကွက်တစ်ခုကို PetroChina ၏ လုပ်ငန်းခွဲ Changqing Oilfield က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ယခုအချိန်အထိ Changqing Oilfield က အဆိုပါ ဧရိယာတွင် တန်ချိန် ၅၀.၂၄ သန်းရှိ အကဲဖြတ်ထားပြီးသည့် ရေနံသိုက်နှင့် တန်ချိန် ၅၆.၂ သန်းရှိ ခန့်မှန်းရေနံသိုက်တို့ကို တွေ့ရှိထားခြင်းဖြစ်ကြောင်း Changqing Oilfield ကုမ္ပဏီ လက်ထောက်အထွေထွေမန်နေဂျာ Niu Xiaobing က ပြောခဲ့သည်။ “လက်ရှိမှာတော့ ရေနံလုပ်ကွက်သစ်ရဲ့ နေ့စဉ် ရေနံစိမ်းထွက်ရှိမှုက ၅၀၄ တန်ရှိပြီး ရှာဖွေတွေ့ရှိထားတဲ့ ရေနံသိုက်က တစ်နှစ်ကို ရေနံစိမ်း တန်ချိန် ၅၀၀,၀၀၀ အထိ ထုတ်လုပ်နိုင်မယ့်ပုံစံရှိတယ်” ဟု Niu က ဆိုသည်။ Changqing Oilfield သည် ယခင်က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Ordos မြစ်ဝှမ်းတွင် နှစ်စဉ် တန်ချိန် ၆၅ သန်း ထုတ်လုပ်နိုင်သော ကမ္ဘာ့အဆင့်မီ ဧရာမ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်တစ်ခု တည်ဆောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
—————————-
China discovers oilfield of 100-mln-tonne reserves
LANZHOU, Dec. 2 (Xinhua) — Changqing Oilfield, a branch of PetroChina, has discovered a large-scale, well-preserved oilfield with geological reserves of over 100 million tonnes in Huanxian County of northwest China’s Gansu Province.
Up to now, Changqing Oilfield has found proven oil reserves of 50.24 million tonnes and estimated oil reserves of 56.2 million tonnes in the area, according to Niu Xiaobing, deputy general manager of the Changqing Oilfield company.
“Currently, the new oilfield’s daily crude oil output has reached 504 tonnes, and the discovered oil reserves have formed a crude oil production capacity of 500,000 tonnes per year,” said Niu.
Previously, Changqing Oilfield built a world-class ultra-large oil and gas field with an annual output of 65 million tonnes in northwest China’s Ordos Basin.