Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ၊ Omdurman မြို့တွင် လူနေရပ်ကွက်အများအပြား တိုက်ခိုက်ခံရမှုကြောင့် ၂၂ ဦးသေဆုံးပြီး ၄၅ ဦး ဒဏ်ရာရရှိ

ကိုင်ရို၊ ဇွန် ၇ ရက် (ဆင်ဟွာ)
ဆူဒန်နိုင်ငံ မြို့တော် ခါတွမ် အနောက်ဘက်ခြမ်းရှိ Omdurman မြို့ လူနေရပ်ကွက် အများအပြားတွင် ဇွန် ၆ ရက်က ဆူဒန် Rapid Support Forces (RSF) ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂၂ ဦးထက်မနည်း သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရခဲ့သည်ဟု ဆူဒန်နိုင်ငံ ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုက အဆိုပါနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ခါတွမ်မြို့တွင် ၂၀၂၃ ခုနှစ် ဧပြီ ၁၅ ရက်မှစ၍ ဆူဒန်စစ်တပ် (SAF) နှင့် Rapid Support Forces (RSF) တို့အကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ရာ နောက်ပိုင်းတွင် စစ်ပွဲများ အခြားဒေသများသို့ ပျံ့နှံ့သွားခဲ့ကြောင်း၊ တစ်နှစ်ကျော်ကြာ ကြာမြင့်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကြောင့် ဆူဒန်နိုင်ငံတွင် လူပေါင်း ၁၅,၅၀၀ ခန့် သေဆုံးခဲ့ပြီး ၈.၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။ (Xinhua)
……………………………..
(Chinese Version)
苏丹恩图曼市多个居民区遭袭致22死45伤
新华社开罗6月6日电(记者张猛)喀土穆消息:苏丹一地方组织6日发表声明说,位于该国首都喀土穆西部的恩图曼市多个居民区当天遭到苏丹快速支援部队炮击,造成至少22名平民死亡、45人受伤。
2023年4月15日,苏丹武装部队与苏丹快速支援部队在喀土穆爆发武装冲突,战火随后蔓延至其他地区。持续一年多的武装冲突已造成苏丹约1.55万人丧生,超过880万人流离失所。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.