Connect with us

Culture & Entertainment

ပုဂံချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း စတင်ဆောင်ရွက်

ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ နယ်ပယ်အသီးသီးနှင့်အတူ ချူအင်လိုင်းတန်ဆောင်းမှတစ်ဆင့် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန် ဉာဏ်ပညာနှင့် ခွန်အားများ ရယူပြီး တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်း အတူတည်ဆောက်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ဇန်နဝါရီ ၈ ရက်တွင် ကျင်းပပြုလုပ်သည့် ပုဂံချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း စတင်ဆောင်ရွက်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က စီမံကိန်း တရားဝင် စတင်ဆောင်ရွက်ခြင်းအား ဂုဏ်ပြုကြောင်း ပြောကြားပြီး ယနေ့သည် ဝန်ကြီးချုပ်ချူအင်လိုင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ၆၁ နှစ်မြောက် အထိမ်းအမှတ်နေ့ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ချူအင်လိုင်း ကွယ်လွန်သည့် ၄၆ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ချူအင်လိုင်းသည် သက်ရှိထင်ရှားရှိစဉ်က မြန်မာနိုင်ငံသို့ ၉ ကြိမ် လာရောက်ခဲ့ပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးအတွက် ဖျောက်ဖျက်၍မရသည့် အကျိုးဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က အခမ်းအနားတွင် အမှာစကား ပြောကြားနေစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar )

၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ဝန်ကြီးချုပ်ချူအင်လိုင်း ပုဂံသို့လာရောက်ခဲ့ပြီး ရွှေစည်းခုံစေတီတော်အတွက် လှူဒါန်းငွေ ထည့်ဝင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ မိတ်ဆွေက ဤလှူဒါန်းငွေဖြင့် စေတီဘေး၌ ပြည်သူများနားနေရန်အတွက် ဤတန်ဆောင်းကို တည်ဆောက်ခဲ့ကြောင်း၊ ယင်းသည် တရုတ်-မြန်မာချစ်ကြည်ရေး၏ ပြယုဂ်ဖြစ်ပြီး ရာစုနှစ်ထက်ဝက်ကျော် ဖြတ်သန်းခဲ့ကြောင်း၊ မြန်မာပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာ နားနေနိုင်ရန်အတွက် တရုတ်-မြန်မာချစ်ကြည်ရေး အမွေဆက်ခံနိုင်ရေး အခန်းကဏ္ဍကိုဖော်ဆောင်၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့တို့က ဆွေးနွေးညှိနှိုင်းပြီးနောက် တန်ဆောင်းကိုပြုပြင်မွမ်းမံပြီး ပြည်သူများအသုံးပြုနိုင်ရန်အတွက် ဖွင့်လှစ်ခဲ့ကြောင်း သံအမတ်ကြီး မစ္စတာချန်းဟိုင်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက အခမ်းအနားတွင် အမှာစကား ပြောကြားနေစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar )

မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက ချူအင်လိုင်းတန်ဆောင်းသည် မြန်မာ-တရုတ် အစဉ်အလာချစ်ကြည်ရေး၏ သင်္ကေတဖြစ်ကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူအချင်းချင်း “ဆွေမျိုးပေါက်ဖော်” ဟု ခေါ်ဆိုကြကြောင်း၊ ယင်းသည် နှစ်နိုင်ငံပြည်သူတို့၏ နီးကပ်သော ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို ဖော်ညွှန်းနေကြောင်း၊ ၁၉၆၁ ခုနှစ်က ဝန်ကြီးချုပ်ချူအင်လိုင်းမှ တန်ဆောင်းတည်ဆောက်ရန်အတွက် လှူဒါန်းခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံသည် နယ်ပယ်အသီးသီး၌ နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုကို ရေရှည်ထိန်းသိမ်းထားလျက်ရှိပြီး ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး အဆက်မပြတ် တိုးတက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများသည် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာမှာ အရေးပါပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် အနာဂတ်မျိုးဆက်သစ်များအတွက် စနစ်တကျပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပုဂံချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း စတင်ဆောင်ရွက်ခြင်းအခမ်းအနားသို့ တက်ရောက်လာသူများအား တွေ့ရစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar )

ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း စတင်ဆောင်ရွက်ခြင်းအခမ်းအနားတွင် သံမှူး Mr. Yang Shouzheng က တရုတ်သံရုံးကို ကိုယ်စားပြု၍ ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့သို့ နှာခေါင်းစည်း၊ ပိုးသတ်ဆေးရည်၊ အရက်ပြန် စသည့် ကပ်ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117