Connect with us

Economy

မြန်မာ-လာအို ချစ်ကြည်ရေး တံတား ဖွင့်လှစ်

မြန်မာ-လာအို ချစ်ကြည်ရေး တံတားဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် တိုင်းရင်းသား၊ တိုင်းရင်းသူလေးများအမှတ်တရ ဓာတ်ပုံရိုက်နေစဉ် (မြန်မာသတင်းစဉ်)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

မြန်မာ-လာအို ချစ်ကြည်ရေး တံတား ဖွင့်ပွဲအား ယနေ့ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် လာအိုသမ္မတ မစ္စတာ ကျူမာလီဆိုင်ညဆွန် (Choummaly Sayason) တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါချစ်ကြည်ရေး တံတားသည် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းလတ်မြို့နှင့် လာအိုနိုင်ငံ လွန်နသန်ပြည်နယ် လောင်းဝ်ခရိုင်၊ ဟွေဟုန်းကျေးရွာသို့ ဆက်သွယ် ဖောက်လုပ်ထားသည့် တံတားဖြစ်သည်။

ယခုနှစ်သည် မြန်မာ-လာအို နှစ်နိုင်ငံ၏ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၆၀ နှစ် မြောက်လည်း ဖြစ်ပြီး၊ လာအို-မြန်မာ ချစ်ကြည်ရေး တံတားကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာ စတင် ဆောက်လုပ် ခဲ့ကြောင်းသိရသည်။

တံတား တည်ဆောက်ချိန်အား သတ်မှတ် အချိန်ကာလ ၃၀ လ အဖြစ် သတ်မှတ်ခဲ့ပေမယ့် ၅ လစော၍ ပြီးစီးအောင် ဆောက်လုပ် နိုင်ခဲ့တာဖြစ်ကြောင်း သိရသည်။ တံတားကြီး၏ အလျားမီတာ ၆၉၁ မီတာ ရှိပြီး၊ လာအိုဘက် စီစစ်ရေးဂိတ်မှ တံတားထိပ်အထိ လမ်းကြောင်းမီတာ ၇၅၀ အထိ ရှည်ပြီး မြန်မာဘက်တွင် မီတာ ၆၁၀ ရှည်ကြောင်း သိရသည်။ ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၂၆ သန်း ဖြစ်ပါတယ်။

အဆိုပါ ချစ်ကြည်ရေး တံတားကြောင့် မဲခေါင်မြစ်နှင့် ဆက်စပ်နိုင်ငံများမှ စီးပွါးရေး ပူးပေါင်းဆောင်မှု၊ မဲခေါင်မြစ်နှင့် ဆိုင်သော အရှေ့မြောက်၊ အနောက်မြောက် ဒေသများမှ ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်မည်ဟု သိရသည်။ ဒေသတွင်းနိုင်ငံများဖြစ်သည့် လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်နိုင်ငံများသို့ ဆက်သွယ် သွားလာနိုင်မည်ဖြစ်ပြီး နောင်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ပါ အဆိုပါ ချစ်ကြည်ရေး တံတားဖြင့် ဆက်သွယ် သွားလာနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များအသင်း၊ ရွှေချမ်းသာဒေါင်းမင်း အိတ်စပို့ အင်ပို့ ကုမ္ပီမှ ဒါရိုက်တာ ဦးချမ်းသာဦးက “ အခုလို ချစ်ကြည်ရေး တံတားတွေ ဖွင့်လှစ်တာ ကောင်းပါတယ်။ အခွန်ဖြေလျှော့မှုတွေ ၊ အစိုးရ ပိုင်းတွေက မူဝါဒ ဖြေလျော့မှုတွေ လုပ်ရင်တော့ ပိုပြီး အကျိုးသက်ရောက်မှုတွေ ကောင်းလာမှာ ဖြစ်ပါတယ်” ဟု ဆင်ဟွာကို ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117