Connect with us

Politics & Security

အာဆီယံ အသိုက်အဝန်း တရားဝင် တည်ထောင်လိုက်ကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ပြောကြား

မလေးရှားနိုင်ငံ ကွာလာလမ်ပူ တွင် နိုဝင်ဘာလ ၂၂ ရက်က ကျင်းပသော အာဆီယံ အသိုက်အဝန်း ထူထောင်ကြောင်း သဘောတူ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

အာဆီယံ သမိုင်းကြောင်းတွင် အရေးပါသော မှတ်တိုင်တစ်ခုအဖြစ် အာဆီယံ အသိုက်အဝန်းအား ဒီဇင်ဘာလ ၃၁ ရက်တွင် တရားဝင် တည်ထောင်လိုက်ပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်နီဖာ အမန်း (Anifah Aman) က သတင်း ထုတ်ပြန်ချက် တစ်ရပ်တွင် ပြောကြားလိုက်သည်။

အာဆီယံ အသိုက်အဝန်း တည်ထောင်ခြင်းအား မလေးရှားနိုင်ငံက ကြိုဆိုကြောင်း၊ အာဆီယံ အသိုက်အဝန်း ထူထောင်ခြင်း၊ ဒေသတွင်း ပေါင်းစည်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ခြင်းနှင့် ကတိကဝတ် ပြုချက်များ အကောင် အထည် ဖော်ခြင်းတို့ကို ၂၀၁၅ ခုနှစ်အလွန် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်- ၂၀၁၅ ခုနှစ် အာဆီယံ တို့နှင့်အညီ မဆုတ်မနစ် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

ထို့ပြင် မလေးရှားနိုင်ငံသည် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ အခိုင်အမာ ထောက်ပံ့မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ နှင့်အတူ အာဆီယံ အသိုက်အဝန်းနှင့် ၂၀၂၅ အလွန် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်တို့အား အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

လာမည့် အာဆီယံ အသိုက်အဝန်းသည် အသိုက်အဝန်း တည်ဆောက်မှု လုပ်ငန်းစဉ် ပြီးဆုံးသွားခြင်း မဟုတ်ဘဲ ယခုမှ အစရှိသေးကြောင်း ဟု မလေးရှားနိုင်ငံ အနေဖြင့် မှတ်ယူထားကြောင်းလည်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီး အန်နီဖာ အမန်က ပြောသည်။

အာဆီယံ အသိုက်အဝန်း တည်ထောင်ခြင်းအား နိုဝင်ဘာလတွင် ပြုလုပ်သည့် ၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် ကြေညာခဲ့ပြီး ၎င်းတွင် နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း၊ စီးပွားရေး အသိုက်အဝန်းနှင့် လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းတို့ ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.