Connect with us

Social & Culture

အသက် ၆၅ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား ပေကျင်း ဒေါင်လိုက် အမြင့်ပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်

Hanoi Vertical Run 2016 ဒေါင်လိုက်အမြင့်ပြေးပြိုင်ပွဲ စတင်တာထွက်စဉ်(ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ ဇူလိုင် ၁ဝရက်(ဆင်ဟွာ)

အသက် ၆၅ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား Amnaj Prompinun သည် အထပ်ပေါင်း ၇၂ အမြင့်ရှိပြီး လှေကားထစ်ပေါင်း ၁၉၁၄ ထစ် ရှိသည့် ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့၏ အမြင့်ဆုံးအဆောက်အအုံးအား အောင်မြင်စွာ ပြေးတက်နိုင်ခဲ့ပြီးနောက်တွင် ပေကျင်း၌ ကျင်းပမည့် ဒေါင်လိုက် အမြင့်ပြေးပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ဆင်ဟွာသတင်းဌာနသို့ပြောကြားသည်။

၂ဝ၁၆ ခုနှစ် ဇူလိုင် ၁ ရက်က ကျင်းပခဲ့သည့် ဟနွိုင်း ဒေါင်လိုက် အမြင့်ပြေးပြိုင်ပွဲ ( Hanoi Vertical Run 2016 ) တွင် ကမ္ဘာ့တစ်ဝန်းရှိ ဆုကြေးစားအပြေးသမားများ နှင့် ဝါသနာရှင် အပြေးသမား ၂ဝဝ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
Amnaj Prompinun သည် ဘန်ကောက်မြို ့၌ ရှိသော အထပ် ၃ဝ ကျော်အမြင့်ရှိ အဆောက်အအုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး တခါတရံ ၎င်းအဆောက်အအုံပေါ်သို့ မရပ်မနားပြေးတက်ပြေးဆင်းမှုများပြုလုပ်ခဲ့သည်။ ထို့ပြင် ၎င်းအဆောက်အအုံအား တစ်ပတ်လျှင် ၂ ရက် ပုံမှန် အတက်အဆင်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Prompinunသည် နှစ်ပေါင်း ၂ဝ နီးပါး တာဝေးအပြေးပြိုင်ပွဲများတွင် ပါဝင်ပြိုင်ခဲ့သူတစ်ဦးဖြစ်ပြီး အာရှ ၊ ဥရောပ နှင့် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၃ နိုင်ငံ၌ သွားရောက် ယှဉ်ပြိုင်ထားပြီးဖြစ်ကြောင်းသိရသည်။
“ မြန်မာ ၊ အင်ဒိုနီးရှား ၊ လာအို ၊ ဗီယက်နမ် ၊ တရုတ် ( တိုင်ပေ ) ၊ တရုတ် ( ဟောင်ကောင် ) ၊ အီတလီ ၊ ကနေဒါ ၊ အမေရိကန်ပြည်ထောင်စု နဲ့တခြားနေရာများစွာမှာ အပြေးပြိုင်ဖူးပါတယ်” ဟု Prompinun က ဆိုသည်။ထို့ပြင် ၎င်းသည် အပြေးပြိုင်ပွဲပေါင်း ၅ဝဝ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအားလုံး၌ ဆုတံဆိပ်ရထားသူတစ်ဦး ဖြစ်ကြောင်းသိရသည်။
“ ဗီယက်နမ် ပြီးတော့ စက်တင်ဘာလကြရင် တရုတ်နိုင်ငံ ပေကျင်းမှာကျင်းပမယ့် ဒေါင်လိုက်ပြေးပွဲမှာလည်း ဝင်ပြိုင်အုံးမှာပါ။ ကျနော်ပြေးနိုင်သလောက် ပြေးနေအုံးမှာပဲ” ဟု Prompinun က ဆင်ဟွာသတင်းဌာနသို့ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.