Connect with us

China

တရုတ် ကုမ္ပဏီများ ခေတ်သစ် ပိုးလမ်းမကြီး တလျှောက် စီးပွားရေး လုပ်ကိုင်ခွင့် စာချုပ်များ ချုပ်ဆို

ခေတ်သစ်ပိုးလမ်းမ ဖိုရမ်ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကုမ္ပဏီများသည် ခေတ်သစ် ပိုးလမ်းမကြီး တလျှောက်ရှိ နိုင်ငံများနှင့် စီးပွားရေး လုပ်ကိုင်ရန် ပရောဂျက် လုပ်ကိုင်ခွင့် စာချုပ် ၁,၇၈၆ ခု အား ယခုနှစ် ပထမလ ခုနှစ်လအတွင်း လက်မှတ် ရေးထိုးထားပြီး ယင်းပမာဏမှာ တရုတ်နိုင်ငံ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စာချုပ် ပမာဏ စုစုပေါင်း တန်ဖိုး၏ တစ်ဝက်ခန့်နှင့် ညီမျှကြောင်း တရားဝင် အချက်အလက်များ အရသိရသည်။

ပရောဂျက် စာချုပ်များသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၉.၄၄ ဘီလီယံရှိပြီး မနှစ်ကထက် ၃၉.၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း စီးပွားရေး ဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ စိန်သန်းယန်က ဗုဒ္ဓဟူးနေ့က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ် ကုမ္ပဏီများ အနေဖြင့် ပထမ ခုနှစ်လအတွင်း ပမာဏ အမေရိကန် ဒေါ်လာ ၁၁၀.၀၄ ဘီလီယံ ရှိသော ပင်လယ်ရပ် ခြား ပရာဂျက် စာချုပ်များ၌ လက်မှတ် ရေးထိုးထားပြီး မနှစ်ကထက် ၂၃.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း စိန်သန်းယန်က ဖြည့်စွက် ပြောကြားသည်။

ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းကို တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်တွင် အဆိုပြုခဲ့ပြီး ပိုးလမ်းမ စီးပွား ရေးလမ်းကြောင်း နှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးတို့ ပါဝင်သော ကုန်သွယ်မှုနှင့် အခြခံ အဆောက်အအုံ ကွန်ရက်ဖြစ်သည်။ အဆိုပါ ကွန်ရက်သည် အာရှ၊ ဥရောပ၊ အာဖရိကတို့ ကို ဆက်သွယ်ထားပြီး လူဦးရေ ၄.၄ ဘီလီယံ ရှိသော နိုင်ငံနှင့် ဒေသပေါင်း ခြောက်ဆယ် ကျော်ကို ဖြတ်သန်း သွားသည်။ (Xinhua)