Connect with us

Local

ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချလဲလှယ်ပေးခွင့် လိုင်စင် ရရှိသူများ နှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကား သည့် လုပ်ငန်း လိုင်စင် ရရှိသူများ လိုက်နာရန် ညွှန်ကြားချက် ထုတ်ပြန်

နိုင်ငံခြားငွေကြေးများ ဖြစ်သည့် အမေရိကန် ဒေါ်လာများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချလဲလှယ်ပေးခွင့် လိုင်စင် ရရှိသူများ(Money Changer Licence-MC) နှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း လိုင်စင်(Authorized Dealer Licence-AD) ကိုင်ဆောင်ထားသူများ လိုက်နာရန် ညွှန်ကြားချက် အမှတ်(၅/၂၀၁၈)အား ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုညွှန်ကြားချက်တွင် နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချလဲလှယ်ပေးခွင့် လိုင်စင် ရရှိသူများ နှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကား သည့် လုပ်ငန်း လိုင်စင် ရရှိသူများ အနေဖြင့် နိုင်ငံတော်၏ စီးပွားရေး စနစ် တည်ငြိမ်မှုကို ထိခိုက်စေသော သို့မဟုတ် နိုင်ငံတော်၏ ငွေကြေး စနစ် အပေါ် ပြည်သူတို့၏ အယုံအကြည် ပျက်ပြားစေသော သို့မဟုတ် နိုင်ငံခြား ငွေလဲလှယ်နှုန်းအား မတည်မငြိမ် ဖြစ်စေသော ဈေးကစားခြင်း သို့မဟုတ် ယင်းသို့ဖြစ်စေရန် အကြောင်းရှိသော အမှု တစ်ခုခုကို မည်သည့် နည်းလမ်း နှင့်မျှ ဆောင်ရွက်ခြင်း မပြုရကြောင်း ဗဟိုဘဏ်မှ အောက်တိုဘာ ၁၈ ရက်စွဲဖြင့် ဖော်ပြထားသည်။ထိုသို့ဆောင်ရွက်ကြောင်း စစ်ဆေး တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ အရ အရေးယူ အပြစ်ပေးခံရမည် ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117