Connect with us

Local

ရန်ကုန်မြို့လယ် ဟိုတယ်နှင့် အိမ်ယာ စီမံကိန်းကို၂၀၂၀ ခုနှစ်၌ အပြီး တည်ဆောက်မည်

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင် တည်ဆောက်ရန် စီစဉ်ထားသော The Landmark Development စီမံကိန်းပုံစံငယ်ကို တွေ့ရစဉ် (ဓာတ်ပုံ- The Landmark Development)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းဈေး အနီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင် တည်ဆောက်ရန် စီစဉ်ထားသော The Landmark Development စီမံကိန်းကို ၂၀၂၀ ခုနှစ်အတွင်း အပြီး တည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါ ဆောက်လုပ်မည့် ကုမ္ပဏီ၏ ထုတ်ပြန်ချက်မှ သိရသည်။

အဆိုပါ ဟိုတယ်နှင့် အိမ်ယာ စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရင်းနှီးမြှုပ်နှံကာ FMI၊ Yoma Strategic နှင့် မိတ်ဖက် ကုမ္ပဏီများ ဖြစ်ကြသည့် Hong Kong and Shanghai Hotels Limited၊ မစ်ဆူဘီရှီ ကော်ပိုရေးရှင်း၊ မစ်ဆူဘီရှီ အိမ်ခြံမြေလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း ဆောင်ရွက်သွားမည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းစီမံကိန်း နေရာရှိ မြန်မာ့မီးရထား ရုံးချုပ် အဆောက်အအုံဟောင်းကို Peninsula ဟိုတယ်အဖြစ် ပြုပြင်သွားမည် ဖြစ်ပြီး အဆင့်မြင့် လူနေအိမ်ခန်းများ၊ ရုံးခန်းများနှင့် ဈေးဝယ် စင်တာများလည်း တည်ဆောက်သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117