Connect with us

Local

၅၂ ကြိမ်မြောက် ကျောက်မျက် ရတနာ ပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း (၁,၀၄၀) တွဲ ရောင်းချနိုင်ခဲ့


ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ နောက်ဆုံးနေ့တွင် ကျောက်စိမ်း အတွဲ စုစုပေါင်း ၁,၀၄၀ တွဲကို ရောင်းချနိုင်ခဲ့ရာ အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ကျောက်စိမ်း အတွဲပေါင်း ၁,၀၀၅ တွဲ ရောင်းချနိုင်ခဲ့ပြီး ယူရို ၂၆၁.၄၀ သန်း ရရှိခဲ့ကြောင်း၊ ဈေးပြိုင် စနစ်ဖြင့် ကျောက်စိမ်းအတွဲ ၃၅ တွဲကို ရောင်းချနိုင်ခဲ့ပြီး ယူရို ၅၄.၉၅ သန်း ထပ်မံ ရရှိခဲ့ကြောင်း ကျောက်စိမ်း လုပ်ငန်း ကော်မတီမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသူက ဆင်ဟွာကို ပြောသည်။

ပြပွဲတွင် ကျောက်မျက် အတွဲများကိုလည်း အိတ်ဖွင့် တင်ဒါ စနစ်နှင့် ဈေးပြိုင် စနစ်တို့ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း ၁၂၆ တွဲကို ရောင်း ချခဲ့ရပြီး ယူရို ၅ . ၄၉ သန်း ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

၅၂ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ မြင်ကွင်း (ဆင်ဟွာ)

ယခု ကျင်းပသည့် ၅၂ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကျောက်မျက်နှင့် ကျောက်စိမ်း အတွဲများ ရောင်းရငွေ စုစုပေါင်း ယူရို ၉၄၉ သန်းကျော် ရရှိခဲ့ပြီး ပြည်တွင်း ပြည်ပ ရတနာ ကုန်သည် စုစုပေါင်း ၄,၅၉၆ ဦး တက်ရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။

(၅၂) ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၆ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ကျင်းပခဲ့ပြီး ကျောက်စိမ်း အတွဲပေါင်း ၈၉၄၃ တွဲနှင့် ကျောက်မျက်အတွဲ ၃၂၃ တွဲ ကို အိတ်ဖွင့် တင်ဒါစနစ်နှင့် ဈေးပြိုင်စနစ်တို့ဖြင့် ရောင်းချခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117