Connect with us

Local

ငွေစက္ကူတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ သုံးစွဲရန် လွှတ်တော် အတည်ပြု

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ငွေစက္ကူတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ သုံးစွဲရန် အဆိုကို ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက မတ်တပ်ရပ် ဆန္ဒမဲပေးနည်းဖြင့် အတည်ပြုခဲ့သည်။

မြိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက ၂၇ – ၁၀ – ၁၇ နေ့တွင် ပြည်သူ့ လွှတ်တော်သို့ တင်သွင်းခဲ့သည့် “ရှေ့အနာဂတ်ကာလတွင် ရိုက်နှိပ် ထုတ်ဝေရန် ရှိလာမည့် ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ် ထုတ်ဝေရန် ပြည်ထောင်စု အစိုးရ အား တိုက်တွန်းကြောင်း” အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုးဦးတို့က ယနေ့ ဆွေးနွေးခဲ့ကြသည်။

ယင်းအဆိုအား ကန့်ကွက်မှုရှိခဲ့ပြီး အတည်ပြုသင့်၊ မပြုသင့် မဲခွဲ ဆုံးဖြတ်ရာ ထောက်ခံသူ ဦးရေများသဖြင့် ယခုကဲ့သို့ လွှတ်တော် ၌ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.