Connect with us

Local

ရခိုင် ပြည်နယ်ရှိ ခရိုင် ငါး ခရိုင်တွင် နွေစပါး ၂၄၁၂၃ ဧကနှင့် ဆောင်းသီးနှံ ၄၅၉၂၁၉ ဧက စိုက်ပျိုးရန် လျာထား

သီးနှံများ စိုက်ပျိုးထားသည့် စိုက်ခင်း တစ်ခုအား တွေ့ ရစဉ်(ဓာတ်ပုံ- The Mirror Daily)

ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ရခိုင် ပြည်နယ် စစ်တွေ ၊ မြောက်ဦး ၊ မောင်တော ၊ ကျောက်ဖြူ နှင့် သံတွဲ ခရိုင် ငါး ခရိုင်ရှိ မြို့နယ်များ၌ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် နွေစပါး ၂၄၁၂၃ ဧကနှင့် ဆောင်းသီးနှံ ၄၅၉၂၁၉ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

စစ်တွေခရိုင်အတွင်းရှိ မြို့နယ်လေးခု တွင် နွေစပါး ၂ဝ၄ ဧကနှင့် ဆောင်းသီးနှံ ဧက ၂၆၈၁ဝ ကိုလည်းကောင်း၊ မြောက်ဦးခရိုင် အတွင်းရှိ မြို့နယ်လေးခုတွင် နွေစပါး ၃၄၂၆ ဧကနှင့် ဆောင်းသီးနှံ ၁၄၃၁၉၉ ဧက ကိုလည်း ကောင်း၊ မောင်တောခရိုင်အတွင်းရှိ မြို့နယ် နှစ်ခုတွင် နွေစပါး ၂ဝ၂၄၆ ဧကနှင့် ဆောင်း သီးနှံ ၁ဝ၇၇ဝ၇ ဧကကိုလည်းကောင်း၊ ကျောက် ဖြူခရိုင်အတွင်းရှိ မြို့နယ်လေးခုတွင် နွေစပါး ဧက ၁ဝဝ နှင့် ဆောင်းသီးနှံ ၇၈၇၈၂ ဧကကို လည်းကောင်း၊ သံတွဲခရိုင်အတွင်းရှိ မြို့နယ် သုံးခုတွင် နွေစပါး ၁၄၇ ဧက နှင့် ဆောင်းသီးနှံ ၁ဝ၂၇၂၁ ဧက ကို လည်းကောင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နွေစပါး စိုက်ပျိုးရာသီနှင့် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် စိုက်ပျိုးရန် လျာထားလျက် ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်း စိုက်မြေဧက ၁၂၈၇၂၆၃ နှင့် စုစုပေါင်း လယ်မြေဧက ၉ဝ၈၈ဝ၅၃ ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.