Connect with us

Local

ဆက်သွယ်ရေး ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အများဆုံး ဝင်ရောက်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဆက်သွယ်ရေး ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

ဆက်သွယ်ရေး ကဏ္ဍသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း၏ ၄၇.၀၇ ရာခိုင်နှုန်း ရှိသည့် အပြင် နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးမှာ စင်ကာပူ နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။သို့သော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၁ ဘီလီယံကျော် လျော့နည်း နေကြောင်း ၎င်းမှာ အစိုးရသစ်၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒများအား ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်နေသည့် အတွက် ဖြစ်ကြောင်း ရင်းနှှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ယနေ့ဒီဇင်ဘာ ၁၉ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇၈ ခု ၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂,၁၄၆.၉၄၃ အား ယခုနှစ် ဒီဇင်ဘာ လလယ်အထိ ခွင့်ပြုပေးထားပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃,၄၆၀.၇၇၂ စီးဝင်ခဲ့ကြောင်း သိရသည်။လက်ရှိ ရင်းနှီးမြှုပ်နှံမှု ဥပဒေဟောင်းဖြင့် လုပ်ငန်း လုပ်ကိုင်ရန် ကြိုတင် စီစဉ်ထားသည့် လုပ်ငန်းများသည် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာများ တင်သွင်းရမည် ဖြစ်ကြောင်း ၊ ဇန်နဝါရီလ ၁ ရက်မှ စ၍ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ်ဖြင့် စီစစ် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃၇ ခု ၊ အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၁၈.၅၀၆ အပါအဝင် ကျပ်သန်း ၇၆၀,၆၈၀.၀၉၉ အား ယခုနှစ် ဒီဇင်ဘာ လလယ် အထိ ခွင့်ပြုပေးထားပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်သန်း ၈၂၉,၁၁၁.၀၉၀ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117