Connect with us

Local

မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးများဆောင်ရွက်လျက်ရှိ

စွမ်းအင်ရှာဖွေရေးလုပ်ငန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းတွင် လတ်တလော ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည်အားကောင်းလာကြောင်း မြန်မာနိုင်ငံတွင် မုန်တိုင်းစက်ဝန်းအတွင်း ကျရောက်သည့် ဒေသများကို ထုတ်ပြန်ကြေညာ ခဲ့ပြီး နောက်ပိုင်း မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂၃ ရက်နေ့ နံနက် (၁၀)နာရီက မြောင်းမြခရိုင် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ခရိုင်ထွေအုပ်ရုံး အစည်းဝေးခန်းမတွင် တွေ့ဆုံညှိနှိုင်း စည်းဝေးခဲ့ပြီး မြောင်းမြမြို့နယ်မီးသတ် ဦးစီးဌာန ၊ မီးသတ်ဦးစီးမှူး ဦးသန့်ဇင်မင်းနှင့် သန္ဓေ မီးသတ် တပ်ဖွဲ့ဝင်များ က အရေးပေါ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ပြင်ဆင် လျက်ရှိကြောင်း၊ မုန်တိုင်းအခြေအနေကြောင့် မြစ်ချောင်းအတွင်း သွားလာနေကြသော ပဲ့ထောင်ရေ ယာဉ်များ ၊ သင်္ဘာများ ၊ ငါးဖမ်းလှေများ ခရီးဝေး ထွက်ခွါခြင်း မပြုကြရန် သက်ဆိုင်ရာမှ နှိုးဆော် ထုတ်ပြန်ထားပြီး မြောင်းမြခရိုင် ပြန်/ဆက် ဦးစီးဌာနမှလည်း မုန်တိုင်းအန္တရာယ် သတိပေးချက် အသိပညာပေး လက်ကမ်းစာစောင်များကို သင်္ဘောဆိပ်များ l လူစည်ကားသော ဈေးနှင့် ကားဂိတ်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြား မှုဦးစီးဌာန၏ မုန်တိုင်ငယ်သတိပေးချက် အမှတ်စဉ်(၁၀)တွင် ကြေညာထားရှိရာ မြန်အောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။

အောက်တိုဘာ ၂၃ ရက်နေ့က မြန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် သီးနှံများ ပျက်စီး ဆုံးရှုံးမှုမရှိစေရန်နှင့် သဘာဝဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားရှိရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များကို ကြိုတင်သတိပေးထားရှိကြောင်း မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာန အနေဖြင့် အရေးပေါ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိပြီး မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှလည်း နယ်မြေရဲစခန်း များ အလိုက် အဖွဲ့များဖွဲ့၍ သဘာဝဘေး အန္တရာယ်ကာ ကွယ်ရေး လုပ်ငန်းများကို ဒေသခံ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့်ပူးပေါင်း၍ ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ထားရှိကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အတူ လပွတ္တာမြို့နယ်တွင်လည်း လပွတ္တာမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ မုန်တိုင်းရှောင် ပြည်သူ (၁၀၀၀) ကျော်ခန့်သည် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း များတွင် စုပေါင်းနေထိုင်လျက်ရှိပြီး တာဝန်ရှိသူ များက လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ သံတွဲခရိုင်တွင်လည်း မုန်တိုင်းသဘာဝဘေး အန္တရာယ်ကြိုတင် ကာကွယ်တားဆီးရေး စီမံခန့်ခွဲရေး၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု များပြုလုပ်ထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.