Connect with us

Local

၂၀၁၆-၁၇ ဘဏ္ဍာနှစ်ဝက် အတွင်း နယ်စပ်ကုန်သွယ်မှုမှာ ယခင် ဘဏ္ဍာနှစ် အလားတူ ကာလတူထက် ကန်ဒေါ်လာ ၁၂၂ ကျော် ပိုမို ကုန်သွယ်နိုင်

တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ် နယ်စပ်ဂိတ်အား တွေ့မြင်ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

ယခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ဝက် ၊ ဧပြီလ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ နယ်စပ် ကုန်သွယ်ရေး စခန်း များ၏ ကုန်သွယ်မှု ပမာဏသည် ယခင် ဘဏ္ဍာနှစ် အလားတူ ကာလထက် အမေရိကန် ဒေါ်လာ ၁၂၂.၀၅၂ သန်း ပိုမို ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။

နယ်စပ် ကုန်သွယ်ရေး စခန်းများ အလိုက် ယခုနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာသန်း ၃၃၇၁.၈၇၀ ရှိပြီး ယခင်နှစ် အလားတူ ကာလတွင် ကုန်သွယ်မှု ပမာဏမှာ ၃၂၄၉.၈၁၈ ရှိခဲ့သဖြင့် ဒေါ်လာသန်း ၁၂၂.၀၅၂ သန်း ပိုမို ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။နယ်စပ် စခန်းများ အလိုက် ပို့ကုန် ၊ သွင်းကုန် အခြေအနေမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ချက် အရ ပို့ကုန် တန်ဖိုး လျော့ကျခဲ့ပြီး သွင်းကုန် တန်ဖိုး တိုးလာကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.