Connect with us

Local

မြန်မာ-ထိုင်း တရားဝင် နယ်စပ် ကုန်သွယ်မှု ယခင်နှစ်ထက် ဒေါ်လာ ၂၀.၆၇ သန်းပိုမိုရရှိ

မြန်မာ-တရုတ် နယ်စပ်ဂိတ် တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ယခု ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ တရားဝင် နယ်စပ်ကုန် သွယ်မှုသည် ယခင်နှစ်ထက် အမေရိကန် ဒေါ်လာ ၂၀၈.၆၇၈ သန်း ပိုမို ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှထံမှ သိရသည်။

အဆိုပါ ကုန်သွယ်မှုတွင် ယခု ဘဏ္ဍာနှစ် အတွင်း အမေရိကန် ဒေါ်လာ ၆၄၆.၉၆၅ သန်းရရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလအတွင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၄၃၈.၂၈၇ သန်း ရရှိခဲ့သဖြင့် ယခုနှစ်သည် ပိုမို ရရှိခဲ့သော နှစ်တစ်နှစ် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာ ထွက်ကုန်များ၊ တိရစ္ဆာန် ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက် ပစ္စည်းများ၊ သစ်တောထွက်ကုန်များ၊ စက်မှု ကုန်ချောများတင်ပို့နိုင်ခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် နယ်စပ် ကုန်သွယ်ရေး စခန်းများ ထပ်မံ ဖွင့်လှစ်သွားရန် လျာထားပြီး ယင်းတို့မှာ မြန်မာ-ထိုင်းနယ်စပ်တွင် မယ်စဲ့၊ ဘုရားသုံးဆူ၊ ပုံပါကျင်၊ မြန်မာ-တရုတ် နယ်စပ်တွင် မိုင်းလား နယ်စပ် ကုန်သွယ်ရေး စခန်း၊ မြန်မာ-အိန္ဒိယ နယ်စပ်တွင် ထန်တလန် နယ်စပ် ကုန်သွယ်ရေး စခန်းများ ဖြစ်သည်။

မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်မှုကို မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင် နယ်စပ် စခန်းများမှ ကုန်သွယ်မှု အများဆုံးပြုလုပ်ကာ ရရှိခဲ့ခြင်း ဖြစ်သည်။

အိမ်နီးချင်း နိုင်ငံလေးခုနှင့် နယ်စပ် ကုန်သွယ်ရေး ဆောင်ရွက်ရန် နယ်စပ် ကုန်သွယ်ရေး စခန်း ၁၅ ခု ဖွင့်လှစ်ခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ်တွင် ကုန်သွယ်ရေး စခန်း ခုနစ်ခုဖြင့် အများဆုံး ဖွင့်လှစ်ထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117