Connect with us

Local

Ease of Doing Business ကို အလေးထား ဆောင်ရွက်ကြရန် ဒုတိယ ဝန်ကြီး တိုက်တွန်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူး အဖွင့် အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ “Ease of Doing Business” တိုးတက် ကောင်းမွန်လာရေးအတွက် ပြုပြင်ပြောင်းလဲ မှုများတွင် ဝန်ထမ်းအားလုံးက အလေးထား ဆောင်ရွက်ကြစေလိုကြောင်း စီးပွား / ကူသန်း ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ယနေ့ပြောကြားခဲ့သည်။

“လက်ရှိအဆင့်ကို ကျော်လွန် တိုးတက်လာစေဖို့ မဖြစ်မနေ ဆောင်ရွက်ကြရပါမယ်၊ ဒီလို မဖြစ်မနေ လုပ်ဆောင်ဖို့ ဆန္ဒနည်းပါးနေတယ်ဆိုရင် .. လုပ်ချင်စိတ် မရှိဘူးဆိုရင်တော့ ပြည်သူတွေကို အလေးထားရာ မရောက်ပါဘူး၊ ပြည်သူတွေရဲ့ ဆင်းရဲ မွဲတေမှုကို လျှော့ချဖို့၊ အလုပ် အကိုင် အခွင့် အလမ်း ဖန်တီးမှုတွေ ပြည်သူတွေရဲ့ သာယာဝပြောမှုတွေကို လျစ်လျူရှုရာ ရောက်ပါတယ်၊ ပြည်သူ တွေရဲ့ အခွန်ကို စားနေတဲ့ ဝန်ထမ်းတွေအနေနဲ့ တာဝန်ကျေရာ မကျဘူး လို့ ကျွန်တော် ခံယူပါတယ်၊ ဒါကြောင့် ဒီကိစ္စဟာ အရေးတကြီး ဆောင်ရွက်ရမယ့်ကိစ္စပါ၊ ဒါကို မဆောင်ရွက်နိုင်သမျှ ပြည်သူတွေ ဟာ ဆင်းရဲနွမ်းပါးမှု သံသရာမှာ နစ်သထက်နစ်သလို ဖြစ်နေပါမယ်၊ ဒါကို ကျွန်တော်တို့က ပိုမို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးကြရပါမယ်၊ ဒီလို ဖန်တီးနိုင်ဖို့ Commitment ပေးပြီး အလေးထား ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်” ဟု နေပြည်တော် စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ် ရေး ဝန်ကြီးဌာနတွင် ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများ မြှင့်တင်ရေး အထူး လုပ်ငန်း အဖွဲ့က ယနေ့ ပြုလုပ်သည့် Ease of Doing Business ကိစ္စရပ်များ ညှိနှိုင်း အစည်းအဝေးတွင် ၎င်းက ပြောခဲ့သည်။

ပုဂ္ဂလိက ကဏ္ဍ ကျွမ်းကျင်သူ MR. Jose Ricardo Silva အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ်၏ Ease of Doing Business Index အရ မြန်မာနိုင်ငံ၏ Ease of Doing Business သည် ၂၀၁၄ ခုနှစ်ကစပြီး တိုးတက်လာသည်ဆိုသော်လည်း သိသိသာသာ တိုးတက်မှု မရှိသည်ကို တွေ့ရကြောင်း၊ ထို Index ပေါ် မူတည်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုများ တိုးပွားလာနိုင်ကြောင်း၊ နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကို အထောက်အကူ ပြုနိုင်သလို အလုပ်အကိုင် ဖန်တီးနိုင်မှု၊ ပြည်သူပြည်သားများ၏ သာယာ ဝပြောမှုတို့ကို အထောက်အကူပြုမှာ ဖြစ်ကြောင်း၊ အရပ်က ခေါ်ဝေါ်ကြသည့် ကြိုးနီ စနစ်တွေကို လျှော့ချပြီး မြန်မြန်ဆန်ဆန် လုပ်ကိုင် နိုင်ဖို့ အခွင့်အလမ်းများ ဖန်တီးပေးရမှာ ဖြစ်ကြောင်း၊ ထိုသို့ မဖန်တီးနိုင်ခြင်း မှာ ပြည်သူပြည်သား ပိုပြီး ဆင်းရဲအောင် အလုပ်အကိုင် အခွင့်အလမ်း မရအောင် လုပ်ပေးနေသည့် သဘောမျိုးပင် ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်၏ Ease of Doing Business Index တွင် မြန်မာနိုင်ငံက ၁၇၁ ရရှိပြီး အာရှ နိုင်ငံများတွင် နောက်ဆုံး အဆင့်သို့ရောက်ရှိနေသဖြင့် အရေးတကြီး လုပ်ဆောင်ကြရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်းလည်း ၎င်းက ပြောခဲ့သည်။

စီး/ ကူးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ်အုပ်စုမှ အကြံပေး Mr. Antony Dickison ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

Ease of Doing Business အစည်းအဝေးပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ အစည်းအဝေးသို့ Ease of Doing Business Index အထောက်အကူပြု ဌာန ဆယ်ခုတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ ကမ္ဘာ့ဘဏ် အုပ်စုမှ ပုဂ္ဂလိက ကဏ္ဍ ကျွမ်းကျင်ပညာရှင် Mr. Jose Ricardo Silva, Doing Business ဆိုင်ရာ အတိုင်ပင်ခံ Mr. Antony Dickison တို့တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.