Connect with us

Local

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမသုံးလကျော် ကာလ အတွင်း ပို့ကုန် ကန်ဒေါ်လာ ငါးဘီလီယံကျော် တင်ပို့ နိုင်ခဲ့ 

မြန်မာ့စက်မှုဆိပ်ကမ်း၌ ပြည်ပသို့ တင်ပို့မှု ကွန်တိန်နာများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမသုံးလကျော် ကာလ ဇန်နဝါရီ ၁၀ ရက် အထိ ပို့ကုန်ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ငါးဘီလီယံကျော် ( အမေရိကန် ဒေါ်လာသန်း ၅,၀၆၁ ဒသမ ၉၃၅) တင်ပို့ နိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

ယခုဘဏ္ဍာနှစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၀ ရက် အထိ တင်ပို့ခဲ့သော အမေရိကန် ဒေါ်လာ ငါးဘီလီယံကျော်တွင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သုံးဘီလီယံကျော် နှင့် နယ်စပ် တင်ပို့မှုများမှ အမေရိကန် ဒေါ်လာ နှစ်ဘီလီယံကျော် ပါဝင်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမသုံးလကျော် ကာလ ဇန်နဝါရီ ၁၀ ရက် အထိ စုစုပေါင်း တင်ပို့မှု အမေရိကန် ဒေါ်လာ ငါးဘီလီယံကျော်မှာ ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ တစ်ဘီလီယံကျော် ပိုမို တင်ပို့ထားနိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇန်နဝါရီ ၁၀ ရက် အထိ ကာလ အတွင်း အမေရိကန် ဒေါ်လာ လေးဘီလီယံကျော်သာ တင်ပို့ထားနိုင်ခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် ဇန်နဝါရီ ၁၀ ရက် အထိ တင်ပို့မှုများ အနက် စက်မှုကုန်ချော ကဏ္ဍမှ အများဆုံး တင်ပို့ကာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၅ ဘီလီယံကျော် ရရှိခဲ့ပြီး လယ်ယာထွက် ပစ္စည်း ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၉၉၈ ဒသမ ၇၂၈ မီလီယံ နှင့် သတ္တတွင်းထွက် ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၈၃၂ ဒသမ ၄၂၁ မီလီယံတို့ ပါဝင်ကြောင်း သိရသည်။ အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇန်နဝါရီ ၁၀ ရက် အထိ ပို့ကုန် ၊ သွင်းကုန် စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၈၉ ဘီလီယံ ပိုမို ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)