Connect with us

Local

ကယားပြည်နယ် အတွင်းရှိ ခရီးသွား ဒေသများသို့ နှစ်စဉ် ပြည်တွင်း/ ပြည်ပ ဧည့်သည်များ ပိုမို ဝင်ရောက် လည်ပတ် လျက်ရှိ

ကယားပြည်နယ် ဒီမော့ဆို မြို့ နယ် အတွင်း၌ ကယန်း လူမျိုးများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ကယားပြည်နယ်အတွင်းရှိ ခရီးသွား ဒေသများသို့ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုမှာ နှစ်စဉ် ပိုမို တိုးတက် ဝင်ရောက် လည်ပတ်လျက် ရှိပြီး ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ အထိ ပြည်တွင်း ၁၆၆၉၉ ဦး နှင့် ပြည်ပ ၅၄၄၇ ဦးတို့ လာရောက် လည်ပတ်ခဲ့ ကြကြောင်း ဟိုတယ် နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုများ အရ သိရသည်။

ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုမှာ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်း ၁၁၃၁၃ ဦး နှင့် ပြည်ပ ၂၆၆၂ ဦး၊ ၂၀၁၅ ခုနှစ်တွင် ပြည်တွင်း ၁၃၇၇၈ ဦးနှင့် ပြည်ပ ၃၉၃၃ ဦး၊ ၂၀၁၆ ခုနှစ်တွင် ပြည်တွင်း ၁၆၉၉၄ ဦး နှင့် ပြည်ပ ၆၃၇၄ ဦး ရှိကြောင်း သိရသည်။

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာ ဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ်ဝင်ထွက်သွားလာ လည်ပတ်လျက် ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117