Connect with us

Local

အခြေခံ လုပ်ခလစာနှုန်းသစ် ဒီဇင်ဘာ ၂၃ တွင် ညှိနှိုင်းမည်ဟု ဆို

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် မီဒီယာများအား ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အခြေခံ လုပ်ခ လစာများ ထပ်မံ ညှိနှိုင်းမှုကို လာမည့် ဒီဇင်ဘာ ၂၃ ရက်၌ ရန်ကုန်မြို့တွင် ကျင်းပ မည်ဟု အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က မီဒီယာများအား ယနေ့ ပြောကြားခဲ့သည်။

“လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ အလုပ်ရှင်၊ အလုပ်သမား တွေ့ဆုံညှိနှိုင်းပွဲကို ရန်ကုန်မှာ လုပ်ပါမယ်၊ အမျိုးသား ကော်မတီမှာ ပါတဲ့ အလုပ်ရှင်၊ အလုပ်သမားတွေ၊ ပညာရှင်တွေ၊ အမျိုးသား ကော်မတီ ပြင်ပ ဖြစ်တဲ့ လုပ်ငန်းရှင်တွေ၊ အလုပ်သမား အဖွဲ့အစည်းများက ကိုယ်စားလှယ်တွေ၊ နောက်ပြီး လွှတ်တော်က ဖိတ်မယ့် လူမှု အဖွဲ့အစည်းတွေ ပါဝင် ဆွေးနွေးကြမှာပါ” ဟု ၎င်းက ပြောခဲ့သည်။

အဆိုပါ အစည်းအဝေးမှ ရရှိလာမည့် အဆိုပြုနှုန်းထားများကို ပြည်ထောင်စု အစိုးရအဖွဲ ့သို့ တင်ပြပြီး ဘဏ္ဍာနှစ် အသစ် မစမီ ကြားဖြတ် ဘတ်ဂျက်ကာလအတွင်း၊ မေလထဲတွင် အဆိုပြုနှုန်းထားကို ထုတ်ပြန်ကြေညာကာ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်အမီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အခြေခံ လုပ်ခနဲ့ ပတ်သက်ပြီး အခု တက်လာတဲ့ အချက်အလက်တွေအရ တစ်ရက် ကျပ် ၄၅၀၀ ၊ ၄၈၀၀ ကနေ ၅၂၀၀ ထိ ရှိနေတယ်၊ ဒါက သိမ်မွေ့ပါတယ်၊ နှစ်ဘက် မျှတရမယ်၊ သူလည်း ဆောင်ရွက်နိုင် ကိုယ်လည်း ဆောင်ရွက်နိုင်ဖို့လိုတယ်၊ ပြီးရင် နိုင်ငံတော်ရဲ့ ဘတ်ဂျက်အခြေအနေ နဲ့လည်း ဆိုင်တယ်၊ ဝန်ကြီးဌာနအနေနဲ့တော့ သူတို့ တောင်းဆိုတာတွေ၊ ပြည်နယ်နဲ့ တိုင်းက တက်လာတဲ့ ဒေတာတွေ၊ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေကို အခြေခံပြီး ညှိနှိုင်းပေးမှာပါ” ဟုလည်း အမြဲတမ်း အတွင်းဝန်က ပြောခဲ့သည်။။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.