Connect with us

Local

အထူးစီးပွားရေးဇုန်များ တိုးတက်လာပါက နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု သိသာထင်ရှား လာမည်ဟု ဒုတိယ သမ္မတဆို

မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ (၂/၂ဝ၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အထူးစီးပွားရေးဇုန်များ တိုးတက်လာပါက နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုမှာ သိသာထင်ရှား လာမည်ဟု့် ယုံကြည်ကြောင်း မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။

အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းပေးခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီ ဖြစ်သည့်အတွက် လုပ်ငန်းများလေ့လာမှု အတွက် အချိန်ရခဲ့ပြီး ဖြစ်၍ အထူးစီးပွားရေး ဇုန်များ ဖွံ့ဖြိုးတိုးတက်လာရန် အားသွန်ခွန်စိုက် ကြိုးပမ်းကြစေလိုကြောင်း၊ အထူးစီးပွားရေး ဇုန်များနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အထူးစီးပွားရေးဇုန် လုပ်ငန်းများသည် နိုင်ငံအတွက် အရေးကြီးကြောင်း၊ ဇုန်လုပ်ငန်းများ အောင်မြင်နိုင်ရေးကို ညှိနှိုင်းဆွေးနွေး တိုင်ပင်ပြီး အကောင်းဆုံး အဖြေရှာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဒေသခံ ပြည်သူလူထု၏ သဘောထားများ ကိုလည်း အလေးထားရမည် ဖြစ်ကြောင်း ဒုတိယ သမ္မတက ဆိုသည်။

အထူးစီးပွားရေး ဇုန်များအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးမူဝါဒ (၁၂)ရပ်နှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြဋ္ဌာန်းထားသည့် အထူးစီးပွားရေး ဇုန်ဥပဒေ၊ နည်းဥပဒေများကို လိုက်နာအကောင် အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် သီလဝါ အထူးစီးပွားရေး ဇုန်မှာ အရှိန်ရပြီး ရှေ့ဆက်လှမ်းနေပြီ ဖြစ်ကြောင်း၊ မစတင်နိုင်သေးသည့် ကျောက်ဖြူနှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့ လုပ်ငန်းစတင် လည်ပတ်နိုင်အောင် အလေးထား ကြိုးစားကြရန် လိုကြောင်း ၎င်းက ပြောသည်။မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ (၂/၂ဝ၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်နေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117