Connect with us

Local

နိုင်ငံခြားဝင်ငွေ ရရှိစေရန် သစ်လုံးနှင့် ခွဲသား တန်ချိန် ၁ သောင်းကျော် ရောင်းချမည်

သစ်လုံးများ တင်ဆောင်ထားသော ယာဉ်တစ်စီး (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

မြန်မာ့ သစ်လုပ်ငန်း ၊ ပြည်ပ ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ နိုင်ငံခြားဝင်ငွေ ရရှိစေရန် ကျွန်း-သစ်မာ သစ်လုံးနှင့် ခွဲသား စုစု ပေါင်းတန်ချိန် ၁၆,၂၈၅ ပမာဏအား အမေရိကန် ဒေါ်လာဖြင့် ယခု သြဂုတ်လ ၂၈ ရက်နှင့် ၃၁ ရက်နေ့များတွင် ရောင်းချပေးသွားမည်ဟု မြန်မာ့ သစ်လုပ်ငန်း၏ တင်ဒါ ခေါ်ယူချက်အရ သိရသည်။

ယင်းတို့ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီး ကျွန်းသစ်လုံး ၁,၁၂၈ တန် ၊ ကျွန်းခွဲသား/ဓားရွှေ ၃၁၇ တန် ၊ တမလန်း/ပိတောက် သစ်လုံး ၅၃ တန် ၊ ပျဉ်းကတိုး/အင်-ကညင်/သစ်ယာ/အင်ကြင်း/သဒီ/ဘင်္ဂ/နှော/စကားဝါ/ယမနေ/တောင်သရက် ထောက်ကြန့်သစ်လုံး ၁၄,၆၅၂ တန် နှင့် ပိတောက်/တမလန်း-ဓားရွှေ ၁၃၅ တန် စုစုပေါင်း တန်ချိန် ၁၆,၂၈၅ ပမာဏတို့ကို ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ သစ်လုပ်ငန်း ၊ ပြည်ပ ရောင်းဝယ်ရေးနှင့် သစ်စက် ဌာနသည် သစ်ထုတ်လုပ်ရေး ဌာနမှ လွှဲပြောင်းပေးပို့လာသော ကျွန်းနှင့် သစ်မာသစ်လုံး ၊ ခွဲသားများကို နိုင်ငံခြား ဝင်ငွေ ရရှိစေရန် ရောင်းချခြင်းနှင့် ထုတ်လုပ် ဖြန့်ဖြူးခြင်း တို့ကို အဓိက ဆောင်ရွက်သည့် အပြင် ခွဲသားနှင့် သစ်အချောထည်များ ထုတ်လုပ် ရောင်းချ၍ နိုင်ငံခြား ဝင်ငွေ ရရှိအောင် ဆောင်ရွက်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.