Connect with us

Local

အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၈၅၀  ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆)ခု အား  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြု 

ပုံစာ-- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကွန်ကရိတိုင်ထုတ်လုပ် ခြင်း လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးစဉ် (ဓာတ်ပုံ--DICA)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) 

ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၈၅၀  ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်(၆)ခု အား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က  (၄/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး တွင် ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနက မတ်လ ၆ ရက်တွင်  သတင်းထုတ်ပြန်သည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၉)ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်း အသစ် (၆) ခုကို ခွင့်ပြုခဲ့ကြောင်း နှင့် အဆိုပါလုပ်ငန်းသစ် ၆ ခုထဲတွင် ပါဝင်သော  တန်ဖိုးမြှင့် စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း မှ အလုပ်ကိုင်အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ လုပ်ငန်းများ ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၃၁.၁၂၅) သန်းနှင့် ကျပ် (၁၁၃,၈၁၀.၃၃၅) သန်းရှိကြောင်း သိရသည်။၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူ နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး၊ နိုင်ငံပေါင်း (၅၀)မှ စီးပွားရေးကဏ္ဍ (၁၂) ခု တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ဒသမ၇၀%)ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆ဒသမ၄၅%) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄ဒသမ၀၃%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117