Connect with us

Local

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မြန်မာ့ ငွေကြေး ဖောင်းပွနှုန်းသည် ၁၁.၃ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်

မြန်မာ ကျပ်ငွေများအား ဘဏ်တစ်ခုတွင် မြင်တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုသည် ၂၀၁၄ ခုနှစ် သြဂုတ်လမှ ၂၀၁၅ ခုနှစ် ဇူလိုင်လ အထိ တစ်နှစ်အတွင်း ငွေကြေး ဖောင်းပွနှုန်းမှာ ၁၀ % ရှိခဲ့ပြီး၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ငွေကြေး ဖောင်းပွနှုန်းသည် ၁၁.၃ % အထိ တက်လာမည်ဟု ခန့်မှန်း ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ယင်းမှာ ရေကြီး ရေလျှံမှုနှင့် မြန်မာငွေကြေး တန်ဖိုး ကျဆင်းမှုကြောင့် ဖြစ်ပေါ်လာသည့် ရောင်းလိုအား ဖိအားများ (supply pressures) ကြောင့် ဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုအလွန် ကာလ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက် သွင်းကုန် လိုအပ်ချက် နှင့် စိုက်ပျိုးရေး ပို့ကုန်များ နှေးကွေးမှုတို့ကြောင့် စာရင်းရှင် စာရင်း (current account) မှာ ဖိအားများ ရှိမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ အရ သိရသည်။

အမေရိကန် ဒေါ်လာ တန်ဖိုး ခိုင်မာလာခြင်း၊ စာရင်းရှင် လိုငွေ (Current Account Deficit) မြင့်တက်လာခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးလာခြင်း တို့ကြောင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်၊ သြဂုတ်လအထိ တစ်နှစ်အတွင်း နိုင်ငံခြား ငွေလဲလှယ်နှုန်း ၂၀% ခန့် လျော့ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အစိုးရ ဘတ်ဂျက်လိုငွေမှာ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု (GDP) ၏ ၄ % ရှိခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် စီးပွားရေး တိုးတက်မှုနှုန်းသည် ၆.၅ % ရှိမည်ဟု ခန့်မှန်းထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါခန့်မှန်းမှုသည် ရေကြီးရေလျှံမှုကြောင့် ဖြစ်ပွားခဲ့သည့် ထိခိုက်မှုများ၏ အသေးစိတ်များ သိရှိလာပါက ပြောင်းလဲနိုင်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117