Connect with us

Local

၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ပဉ္စမနေ့၌ ယူရိုငွေ ၄၁ ဒသမ ၂၄၆ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ(၁၀၉၁)တွဲ ရောင်းချနိုင်

၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

၂၀၁၉ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့၌ ကျောက်စိမ်းအတွဲ (၁၀၉၁) တွဲကို အိတ်ဖွင့်တင်ဒါစနစ် ဖြင့်ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမနှင့် မဏိရတနာ ကျောက်စိမ်းဝင်း အတွင်း၌ ၂၀၁၉ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမကို ဆက်လက်ကျင်းပရာ ကျောက်စိမ်း အတွဲအမှတ် (၁) မှ (၁၃၁၁) အထိ ကျောက်စိမ်းတွဲ များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ (၁၀၉၁)တွဲ ကို ယူရိုငွေ ၄၁ ဒသမ ၂၄၆ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် (၁၃၁၂) မှ (၂၆၁၁) အထိ ကျောက်စိမ်း အတွဲပေါင်း (၁၃၀ဝ) ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။အလားတူ ကျောက်စိမ်း အတွဲအမှတ် (၂၆၁၂) မှ (၃၉၁၁) အထိ ကျောက်စိမ်း အတွဲပေါင်း (၁၃၀ဝ) ကို စက်တင်ဘာ ၂၂ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်း အတွဲအမှတ် (၃၉၁၂) မှ (၅၂၁၁) အထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၀ဝ) ကို စက်တင်ဘာလ ၂၃ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၅၂၁၂) မှ (၆၅၁၁) အထိ ကျောက် စိမ်းအတွဲပေါင်း (၁၃၀ဝ) ကို စက်တင်ဘာ ၂၄ ရက်တွင် လည်းကောင်း၊ ကျောက်စိမ်း အတွဲအမှတ် (၆၅၁၂) မှ (၇၈၁၁) ထိ ကျောက်စိမ်း အတွဲပေါင်း (၁၃၀ဝ) ကို စက်တင်ဘာ၂၅ ရက်တွင်လည်းကောင်း အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)