Connect with us

Local

အသေးစား အလတ်စား လုပ်ငန်းများအတွက် ပြည်ပချေးငွေပါ ရရှိရန် ဆောင်ရွက်နေ

လှိုင်သာယာစက်မှုဇုန်ရှိအထည်ချုပ် စက်ရုံတွင် အလုပ်သမားများအလုပ်လုပ်နေပုံ (ဆင်ဟွာ)

လှိုင်သာယာစက်မှုဇုန်ရှိအထည်ချုပ် စက်ရုံတွင် အလုပ်သမားများအလုပ်လုပ်နေပုံ (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရအဖွဲ့ အနေဖြင့် လုပ်ငန်းရှင်များအား မြန်မာကျပ်ငွေ ဘီလီယံ ၃၀ အပြင်ပြည်ပ ချေးငွေရရှိအောင်လည်း ဆာင်ရွက်နေကြောင်း ယနေ့ လှိုင်သာယာ ကနောင်ခန်းမ၌ ပြုလုပ်သည့်အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောသည်။

“စင်္ကာပူနိုင်ငံက Diamond Asia ဘဏ်လုပ်ငန်းကနေပြီး အမေရိကန်ဒေါ်လာ သန်း၂၀ ချေးပေးဖို့ ရှိတယ်။ ဒီလထဲမှာ ရဖို့ရှိတယ်။ အဲ့ဒါရရင်လည်း အသေးစား အလတ်စားလုပ်ငန်းတွေကို ဦးစားပေးချေးပေး သွားမှာပါ။ ဗီယက်နမ်ဘဏ်နဲ့လည်း ဒေါ်လာ သန်း ၃၀ ချေးပေးဖို့ ပြောဆိုထား တာရှိပါတယ်။ ကိုရီးယားဘဏ် တချို့နဲ့လည်း အဆက်အသွယ် လုပ်ထားတယ်။ ဂျပန်ဘဏ်တွေနဲ့လည်း ပြောဆိုထား တာရှိပါတယ်” ဟု ၎င်းကပြောသည်။

အသေးစား အလတ်စားလုပ်ငန်းရှင်တွေ အရင်းအနှီးရအောင် Small and Medium Industrial Development Bank (SMIDB) ကနေ နိုင်ငံတော်အနေနဲ့ ချေးငွေရအောင် ဆောင်ရွက်ပေးနေတယ်လို့ ၎င်းကဆိုသည်။

“ဘီလီယံ ၃၀ ပထမအဆင့် ရတဲ့အခါ လုပ်ငန်းရှင် ၆၂ ဦးကိုချေးပေးခဲ့တယ်။ ဗဟိုဘဏ်က အတိုးနှုန်း ၈.၃၅ ၊ ကျွန်တော်တို့ ပြန်ပေးတော့ ၈.၅ ပဲဆိုတော့ ၀ ဒဿမ ၁၅ ပဲရှိတယ်။ Non Profit Lone (NPL) ဘဏ်အတွက်က အမြတ်မရှိဘူး။ အမြတ်ရခြင်း မရခြင်းက ကိစ္စ မရှိဘူး။ ကျွန်တော်တို့က SME လုပ်ငန်းရှင်တွေကို ငွေကြေးထောက်ပံ့ပေးမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာ ဖြစ်တယ်။ နိုင်ငံခြားဘဏ် တွေကလည်း ချေးငွေရအောင် ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အသေးစား၊ အလတ်စား လုပ်ငန်းတွေ အတွက် ချေးငွေများထပ်မံရရှိဖို့ နိုင်ငံတော် အကြီးအကဲ ထံသို့လည်း တင်ပြထားကြောင်းဆိုသည်။

ဘီလီယံ ၃၀ ချေးငွေထဲမှ လွှတ်တော် ဘက်က မေးခွန်းတွေ မေးလာပြီး မျှမျှတတဖြစ်အောင် လုပ်ပါဆိုတဲ့ အတွက် မျှတအောင် ပြည်နယ်နှင့်တိုင်းဒေသကြီးတွေကို ၁ ဘီလီယံစီ ပေးလိုက်ကြောင်း ဆိုသည်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း ၊ ဧရာဝတီတို့ကို ပိုတဲ့ငွေတွေကိုချေးပေးကြောင်း၊ ဇန်နဝါရီလ ၁၉ ရက် မှာ ရတဲ့ စာရင်းဇယားအရ ၃.၆ ဘီလီယံအထိချေးပြီးပြီ ဖြစ်ကြောင်း ဆိုသည်။

“ရာဖြတ်က မြန်မြန် မလုပ်နိုင်ဘူး ကြာတယ်ဆိုတဲ့ အသံတွေကြားရတယ်။ ကျွန်တော်တို့ အနေနဲ့ လုပ်ပေးနိုင်တဲ့ ကိစ္စတွေကိုဆိုရင်လည်း လျှော့လျှော့ပေါ့ပေါ့ ဆက်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ နိုင်ငံတော် အစိုးရက ချေးပေးတာက လောက်လားဆိုတော့လည်း SME တွေက ခုထိ မှတ်ပုံတင်ထားတာ ၄၆,၀၀၀ လောက်ရှိတယ်။ ၅၀,၀၀၀၊ ၆၀,၀၀၀ လောက်ရှိမယ်လို့ခန့်မှန်းရတယ်။ ကျွန်တော်တို့က မှတ်ပုံတင်ဖို့ အတွက် သတင်းစာထဲကနေ ကြေညာပေးနေတယ်။ မှတ်ပုံတင်တဲ့ သူတွေ အနေနဲ့ ချေးငွေရနိုင်တဲ့ အခွင့်အရေး ရှိမှာဖြစ်တယ်” ဟု ၎င်းကဆက်ပြောသည်။

ချေးငွေ ကိစ္စ အတွက်သာမက အသက်မွေး ဝမ်းကျောင်းပညာ သင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးခြင်း၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရရှိရန် ဆောင်ရွက်ပေးခြင်းတွေလည်း လုပ်ဆောင်လျှက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.