Connect with us

Local

WTO စည်းမျဉ်း စည်းကမ်းနှင့်အညီ မြန်မာနိုင်ငံတွင် ဥပဒေများ ရေးဆွဲသွားမည်

ကမ္ဘာကုန်သွယ်မှုအဖွဲ့(WTO) Logo

ကမ္ဘာကုန်သွယ်မှုအဖွဲ့(WTO) Logo

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် WTO စည်းမျဉ်းစည်းကမ်းများ နှင့်အညီ အခွန်စည်းကျပ်မှုများကို ဖြေလျှော့ရန်နှင့် အသေးစား၊ အလတ်စား လုပ်ငန်းများ (SME) ကို ကာကွယ်ရန် လိုအပ်သည့် ဥပဒေများကိုရေးဆွဲ ရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးမင်းမင်းက ဆင်ဟွာသို့ပြောသည်။

“သွင်းကုန်တွေသာမက၊ ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေလည်း အဆင်ပြေစေမယ့် ဥပဒေတွေ ကိုရေးဆွဲပြီး လွှတ်တော်ကို တင်ပြဖို့ အစီအစဉ်ရှိပါတယ်” ဟု ဦးမင်းမင်းကပြောသည်။ ဥပဒေ နှစ်ခုလုပ်ဖို့ အစီအစဉ်ရှိတယ်။ ၎င်းဥပဒေတွေရေးသည့် အခါတွင် ဥပမာအားဖြင့် ပြည်တွင်း၌ ဟန်းဆက်ထုတ်သည့် ကုမ္ပဏီ ၃ ခုရှိနေသည့် အချိန်အဖြစ်စဉ်းစားကြည့်သည့် အခါသည်နိုင်ငံ အတွင်း၌ ထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် ဒေါ်လာ ၁၀၀ ကျသင့်သည့့် အချိန်တွင် ပြည်ပမှ အများအပြား ထုတ်ပြီး ဒေါ်လာ ၅၀ ဖြင့် ပြည်တွင်းသို့ တင်သွင်းသည့် အခါပြည်တွင်း ထုတ်ကုန်များ ဒုက္ခရောက်သွားနိုင် သည့်အတွက် ပြည်တွင်းတွင် ထုတ်လုပ်သည့် ကုမ္ပဏီများမှ နစ်နာမှုရှိကြောင်းသတင်းပို့လျှင် ဥပဒေအရ အရေးယူနိုင် ရန် ရေးဆွဲသွား မှာဖြစ်ကြောင်း ၎င်းကဆိုသည်။

ဥပဒေနှစ်ခုမှာ တစ်ခုက ဈေးနှုန်းအားထိန်းရန်ဖြစ်ပြီး နောက်တစ်ခုကတော့ ယခင်သွင်းပြီးသား ကုန်ပစ္စည်းများအတွက် အခွန်ဆောင် ရန်ရေး ဆွဲမှာ ဖြစ်ကြောင်းဆိုသည်။

ယခုကဲ့သို့ ဥပဒေရေး ဆွဲခြင်းသည် SME များအားကာကွယ်ရန်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.