Connect with us

Local

အစိုးရငွေတိုက် စာချုပ်များကို နှစ်ပတ် တစ်ကြိမ် လျှော့ဈေးဖြင့် ရောင်းမည်

ရန်ကုန်မြို့ရှိပုဂ္ဂလိကဘဏ်တစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့ရှိပုဂ္ဂလိကဘဏ်တစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဗဟိုဘဏ်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အစိုးရ ငွေတိုက် စာချုပ်များကို လျှော့ဈေး(Discount Rate) ဖြင့် ဇန်နဝါရီ ၂၈ ရက်မှ စတင်ပြီး နှစ်ပတ် တစ်ကြိမ် ရောင်းချ ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ငွေတိုက်စာချုပ်များကို ဘဏ်နှင့် ငွေကြေး အဖွဲ့အစည်းများ သာ လေလံ ပြိုင်ခွင့် ပြုမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

အစိုးရ ငွေတိုက် စာချုပ် ရောင်းချရမှုသည် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ ၁,၁၀၀ ဘီလီယံဖိုးရှိပြီး ၂ နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၈ ဒဿမ ၇၅ ရာခိုင်နှုန်း၊ ၃ နှစ်နှင့် ၅ နှစ်သက်တမ်းရှိ စာချုပ်များ၏ အတိုးနှုန်းမှာ ၉ ရာခိုင်နှုန်းမှ ၉ ဒဿမ ၅ ရာခိုင်နှုန်း ရရှိသည်။

ငွေတိုက်စာချုပ် ဝယ်ယူထားသော ဘဏ်များ အနေဖြင့် ငွေကြေးလိုအပ်ပါက ဘဏ်အချင်းချင်း ရောင်းဝယ်နိုင်သည့်စနစ် ခွင့်ပြုထားမည်ဖြစ်ကြောင်း၊ အဆိုပါ ငွေတိုက်စာချုပ်များကို ဘဏ်များတွင် အပေါင်ထား၍ တန်ဖိုး၏ ၈၀ ရာခိုင်နှုန်းကို ချေးငွေ ထုတ်ယူနိုင်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် စတော့ရှယ်ယာဈေးကွက် ပေါ်ထွန်း လာရန် ငွေတိုက်စာချုပ် များ ကို ရောင်းချ နိုင်ခွင့်ရှိခြင်းနှင့် အများပိုင်ကုမ္ပဏီများမှ ရှယ်ယာအရောင်းအဝယ် လုပ်ကိုင်နိုင်ခြင်းများရှိရန် လိုအပ် ကြောင်းသိရသည်။

အစိုးရငွေတိုက် စာချုပ်များ ရောင်းဝယ်မှုသည် ပြည်သူထံမှ အစိုးရ ကငွေပြန်ချေးသည့်စနစ် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ထံမှ သိရသည်။

အစိုးရ ငွေတိုက် စာချုပ်များကို ၁၉၉၃ မှ စတင်၍ ထုတ်ဝေခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.