Connect with us

Local

၂၀၂၂ ခုနှစ် ဧပြီ ၉ ရက်မှ ၁၅ ရက်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခု၏ ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၇,၅၂၀,၀၀၉ ဒသမ ၁၉ ဝင်ငွေရရှိခဲ့

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ်၊ ဧပြီလ ၉ ရက်မှ ၁၅ ရက်နေ့ အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သောလွယ်ဂျယ်နှင့် ကန်ပိုက်တီးကုန်သွယ်ရေးစခန်းများ၏ ကုန်ပစ္စည်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇,၅၂၀,၀၀၉ ဒသမ ၁၉ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဝါဒဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းမင်း က ဆင်ဟွာသို့ ယနေ့ ဧပြီ ၂၀ ရက်တွင် ပြောကြားသည်။လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၃,၀၁၇,၁၆၁ ဒသမ ၁၆ ရရှိခဲ့ပြီး ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ၄,၅၀၂,၈၄၈ ဒသမ ၀၃ ရရရှိခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန မှ သိရသည်။

“တစ်သျှူးငှက်ပျော၊ မြေထောက်ပဲ၊ ကြံ၊ ပဲတီစိမ်း၊ ဆန်၊ ရော်ဘာ၊ ပြောင်း၊ သီဟိုဠ်စေ့၊ ငရုတ်သီး(အခြောက်)၊ ဖရဲသီးနှင့် ပိုးလုံးအိမ် တို့ကို တရုတ်နိုင်ငံဘက်ကို တင်ပို့ခဲ့တာပါ’’ ဟု ဦးမင်းမင်းကဆိုသည်။

သွင်းကုန်အနေဖြင့် ဆေးဝါးပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သံနှင့် သံမဏိပစ္စည်းများ၊ ချည်ထည်များ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ထွန်စက်များ၊ ချုပ်ပြီးအဝတ်အထည်များ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ ဓါတ်မြေဩဇာများကို မြန်မာနိုင်ငံသို့ ပြန်လည်တင်သွင်းမှုရှိခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117