Connect with us

Business

တရုတ်-မြန်မာ ၊ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်နေသော လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားသုံးငွေ လွှဲပြောင်းခြင်းအကျုံးမဝင်ကြောင်း ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ပြည်တွင်း၌နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ငွေများနှင့် ပြည်ပသို့ နိုင်ငံခြားသုံးငွေ လွှဲပြောင်းခြင်းနှင့်ပတ်သက်သည့် အမိန့်ကြော်ငြာစာတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး အစီအစဉ် အောက်မှ ဆောင်ရွက်လျက်ရှိသည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့်အကျုံးဝင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဧပြီလ ၂၆ ရက် နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အဆိုပါနယ်စပ်ကုန်သွယ်ရေးအစီအစဉ်အောက်မှ ဆောင်ရွက်သည့် သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် သွင်းကုန်အတွက် ငွေပေးချေရာတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီသို့ တင်ပြခွင့်ပြုချက် ရယူရန်မလိုဘဲ နိုင်ငံခြားသုံးငွေဖြင့် ပေးချေမှုများကို Designated Bank များအနေဖြင့် ဆောင်ရွက်ပေးရန်၊ ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနှင့် စည်းမျဉ်းတို့ပါ သတ်မှတ်ပြဌာန်းချက်များအတိုင်း ပို့ကုန်ရငွေများကို နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက်ထည့်သွင်းစီစစ်ဆောင်ရွက်ရန်၊ နိုင်ငံခြားသုံး ငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ် အသီးသီးသို့ ပို့ကုန်ရငွေများ ဝင်ရောက်ပြီးနောက် ပို့ကုန်တင်ပို့သူသည် အဆိုပါ ရငွေ ကို တစ်လအတွင်း မိမိကိုယ်တိုင်သုံးစွဲခြင်းနှင့် ဘဏ်သို့ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး သုံးစွဲရန်ကျန်သည့်ငွေကို သက်ဆိုင်ရာဘဏ်သို့ မပျက်မကွက်ရောင်းချရန် (AD လိုင်စင်ရဘဏ် က ပို့ကုန်ရငွေဝင်ရောက်ပြီး တစ်လပြည့်မြောက်သည့်နေ့တွင် လက်ကျန်ပို့ကုန်ရငွေ ကို ကျပ်ငွေဖြင့် ပြောင်းလဲရယူရန်) နှင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး အစီအစဉ် အောင်မှ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားသုံးငွေဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန သို့ Electronic Reporting System (ERS) ၏ Border Trade Module အား အသုံးပြု၍ မပျက်မကွက် ဆက်လက်သတင်းပေးပို့ရန် ဘဏ်လုပ်ငန်းဆောင်ရွက်ချက်များအား လိုက်နာဆောင်ရွက်ကြရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117