Connect with us

World

၂၀၁၄ ခုနှစ်တွင် ဗီယက်နမ် ဆန်တင်ပို့မှု တန်ချိန် ၇ ဒဿမ ၅ သန်းရှိ

လယ်သမားတစ်ဦး စပါးခင်းတွင်အလုပ် လုပ်နေပုံ (ဆင်ဟွာ)

လယ်သမားတစ်ဦး စပါးခင်းတွင်အလုပ် လုပ်နေပုံ (ဆင်ဟွာ)

ဟနွိုင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တရားဝင် ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးတို့မှ ဗီယက်နမ် ဆန်တင်ပို့မှု တန်ချိန် ၇ ဒဿမ ၅ သန်းရှိကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ဗီယက်နမ် စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ဗဟိုဌာန (VITC) က ဇန်နဝါရီ ၆ ရက် တွင် ပြောကြားသည်။

၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဈေးကွက်သို့ တရားဝင် လမ်းကြောင်းမှ တဆင့် ဗီယက်နမ် ဆန်ရောင်းချမှု ၆ ဒဿမ ၅ မီလီယံ တန်ရှိပြီး အမေရိကန်ဒေါ်လာ ၂ ဒဿမ ၈၄ ဘီလီယံ ရရှိခဲ့သည်။၂၀၁၄ခုနှစ်တွင် ဗီယက်နမ် ဆန်တင်ပို့မှု ပျမ်းမျှ ဈေးနှုန်းမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၃၆ ဒဿမ ၉၂ ဖြစ်သည်။

တရုတ်နိုင်ငံသည် ဗီယက်နမ် ဆန်ဝယ်ယူစားသုံးသည့် ဝယ်လက်အကြီးဆုံးအဖြစ် ၂၀၁၄ ခုနှစ်အထိ ၃ နှစ် ဆက်တိုက် ရပ်တည်ခဲ့သည်။ တရုတ်နိုင်ငံသို့ တရားဝင် လမ်းကြောင်းဖြင့် ဗီယက်နမ်မှ ဆန်တင်သွင်းမှု တန်ချိန်၂ ဒဿမ ၁ သန်း ရှိသည်။

တရုတ်နိင်ငံ ပြီးလျှင် ဖီလစ်ပိုင် သည် ဒုတိယ ဝယ်လက် အကြီးဆုံးနိုင်ငံဖြစ်သည်။၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်မှ ဆန်တန်ချိန် ၁ ဒဿမ ၄ သန်း မှာယူ တင်သွင်းခဲ့သည်။

တရုတ်နိုင်ငံသို့ နယ်စပ်လမ်းကြောင်းမှ တဆင့် ဆန်တင်ပို့မှုမှာ တန်ချိန် ၁ သန်းခန့်ရှိသည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်၏ ဆန်တင်ပို့မှုစုစုပေါင်း ပမာဏမှာ တန်ချိန် ၇ ဒဿမ ၅ သန်း ရှိသည်ဟု VITC ကပြောသည်။

၂၀၁၅ ခုနှစ်တွင် ဗီယက်နမ်၏ ဆန်တင်ပို့မှု လျာထားချက် မှာ တန်ချိန် ၇ သန်းမှ ၇ ဒဿမ ၅ သန်း ရှိကြောင်း ဗီယက်နမ် စားသုံးသူများ အသင်း ကပြောသည်။

ကမ္ဘာတစ်ဝန်းရှိ ၁၃၅ နိုင်ငံတွင် ဗီယက်နမ် မှ ဆန်တင်ပို့နေကြောင်း ပို့ကုန်ဌာန လက်အောက်မှ MoIT မှ ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.