Connect with us

China

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်တွင် 5G အခြေစိုက်စခန်း (၆၀,၀၀၀) ကျော်ရှိပြီဖြစ်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ Xinfengming Group အလုပ်ရုံတွင် 5G အသိဉာဏ်ရှိစက်ရုပ်ဖြင့် အထည်လိပ်များအား သယ်ယူပို့ဆောင်ပေးနေသည်ကို မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဇွန် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း၏ e-commerce ဗဟိုအချက်အချာဖြစ်သည့် ကျဲ့ကျန်းပြည်နယ်တွင် ၂၀၂၀ နှစ်ကုန်ပိုင်းအထိ 5G အခြေစိုက်စခန်းပေါင်း (၆၂,၆၀၀) တည်ဆောက်ပြီးဖြစ်ကြောင်း ဒေသခံဆက်သွယ်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ ပုဂ္ဂလိက စီးပွားရေးအချက်အချာ နေရာတွင် ရှေ့ပြေးစီမံကိန်း အမြောက်အမြား ပျိုးထောင်ထားပြီးဖြစ်ရာ စက်မှုလုပ်ငန်း၊ ကျန်းမာရေးနှင့် ပညာရေးစသည့် ကဏ္ဍများတွင် 5G စီးပွားရေးအသွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ကြောင်း ကျဲ့ကျန်းဆက်သွယ်ရေးစီမံခန့်ခွဲမှုဦးစီးဌာန အရာရှိ ကန်းမုန်က ဇွန် ၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကျဲ့ကျန်းပြည်နယ်၏ ဒီဂျစ်တယ်စီးပွားရေးတွင် အဓိကစက်မှုလုပ်ငန်းများ၏ ထပ်တိုးတန်ဖိုးသည် ၂၀၂၀ ပြည့်နှစ်တွင် ယွမ် ၇၀၂ ဘီလီယံနီးပါး (အမေရိကန် ဒေါ်လာ ၉၅.၁၁ ဘီလီယံခန့်) ရှိရာ ပြီးခဲ့သည့်နှစ်ကာလတူထက် (၁၃) ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

အစီအစဉ်အရ ၂၀၂၂ ခုနှစ်တွင် ယင်းပြည်နယ်၌ 5G အခြေစိုက်စခန်းပေါင်း (၁၂၀,၀၀၀) ရှိလာမည်ဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံသည် 5G ဖွံ့ဖြိုးတိုးတက်ရေးတွင် ကမ္ဘာ့ဦးဆောင်နေရာ၌ရှိပြီး မေလနှောင်းပိုင်းအထိ စုစုပေါင်း တည်ဆောက်ပြီးစီးခဲ့သည့် 5G အခြေစိုက်စခန်းပေါင်း (၈၁၉,၀၀၀)ခုရှိရာ ၎င်းမှာ တစ်ကမ္ဘာလုံး၏ (၇၀)ရာခိုင်နှုန်းကျော် ဖြစ်ကြောင်း စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး လျိုလျဲဟုန်၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

—————————–
(English Version)
China’s Zhejiang boasts over 60,000 5G base stations
2021-06-04 15:44:43
HANGZHOU, June 4 (Xinhua) — Zhejiang Province, an e-commerce heartland in east China, had built 62,600 5G base stations by the end of 2020, local communications authorities said.
The private business hub has also fostered many pilot projects to achieve scale commercialization in 5G in sectors such as industry, health and education, said Gan Meng, an official with the Zhejiang Communications Administration, at a press conference Thursday.
The added value of core industries in Zhejiang’s digital economy hit nearly 702 billion yuan (about 95.11 billion U.S. dollars) in 2020, up 13 percent year on year, according to a report released at the press conference.

According to plan, the province will have 120,000 5G base stations built by 2022.
China has taken the global lead in 5G development, with a total of 819,000 5G base stations built by late May, accounting for over 70 percent of the world’s total, according to Liu Liehong, vice minister of industry and information technology. ■

A 5G intelligent robot delivers textile products at a workshop of Xinfengming Group in Huzhou City, east China’s Zhejiang Province, March 30, 2021. (Xinhua/Xu Yu)