Connect with us

Economy

အမေရိကန် ဒေါ်လာကို ဆန့်ကျင်ပြီး တရုတ်ယွမ်ငွေ ခိုင်မာ

တရုတ်ယွမ်ငွေများအားရေတွက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၃ (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုငွေကြေး လဲလှယ်မှု တန်ဖိုးအရ တရုတ် ယွမ်ငွေ သည် တနင်္လာနေ့တွင် အမေရိကန်ဒေါ် လာကို ဆန့်ကျင်ပြီး ပွိုင့် ၆ . ၁၁၃၃ တွင် ခိုင်မာနေကြောင်း တရုတ် နိုင်ငံခြား ငွေကြေးလဲလှယ် ကုန်သွယ်မှု စနစ် အရ သိရပါသည်။

တရုတ် နိုင်ငံခြား ငွေကြေးလဲလှယ်ရေး ဈေးကွက်တွင် ယွမ်ကို နေ့စဉ် ကုန်သွယ်မှု လုပ်ရာတွင် ဗဟိုငွေကြေး လဲလှယ်မှု တန်ဖိုး၏ နှစ်ရာခိုင်နှုန်း အတိုး၊ အလျော့ လုပ်ဖို့ ခွင့်ပြုထားပါသည်။

ဈေးကွက် တောင်းဆိုမှုအရ ဘဏ်အချင်းချင်း ဈေးကွက်မဖွင့်မီ ပျမ်းမျှ ဈေးနှုန်း နှင့်တွက်ချက်ခြင်း ဖြစ်ပြီး ဗဟိုငွေကြေး လဲလှယ်မှု တန်ဖိုး တွင် အမေရိကန်ဒေါ်လာကို ယွမ်က ကျော်တက်သွားခြင်း ဖြစ်သည်။(Xinhua)