Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံက ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်မှု လျော့ပါးသက်သာရေးအတွက် ယွမ် သန်း ၄၉၀ ခွဲဝေသတ်မှတ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုယွမ်မြို့ ဖုန်းယန်နယ်မြေရှိ လှေကားထစ်စိုက်ခင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုအစိုးရအနေဖြင့် ပြည်နယ်အဆင့် ဒေသ ၂၈ ခုနှင့် မြို့နှစ်မြို့တွင် ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျော့ပါးသက်သာရေး လုပ်ငန်းများအတွက် ထောက်ပံ့ရန် ဗဟိုအသုံးစရိတ်မှ ယွမ် သန်း ၄၉၀ (အမေရိကန်ဒေါ်လာ ၆၈.၀၈ သန်းခန့်) လျာထားသတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေထဲတွင် ဒေသအဆင့်များ၌ ရေကြီးရေလျှံဖြစ်သောရာသီတွင် ဘေးကင်းစိတ်ချမှုရှိရန်နှင့် အတွင်း မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နင်းရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ပျက်စီးနေသော ရေသိုလှောင်အဆောက်အအုံများ ပြန်လည်ပြုပြင်ရန်အတွက် သန်း ၄၅၀ ခွဲဝေသတ်မှတ်ခဲ့သည်။ ကျန်ရှိသော ရန်ပုံငွေများကို ယူနန်ပြည်နယ်တွင် မိုးခေါင်မှု သက်သာလျော့ပါးသက်သာရေးအတွက် အသုံးပြုခဲ့ကြောင်း ရေအရင်းအမြစ်များ ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ အဆိုအရ သိရသည်။

ရေကြီးရေလျှံရာသီအတွက် ထူးကဲမိုးလေဝသခန့်မှန်းချက်နှင့်အတူ ယခုနှစ် ရေကြီးရေလျှံရာသီ စတင်ကတည်းက မြစ်များစွာ၌ ရေကြီးရေလျှံမှုများ ဖြစ်ခဲ့ခြင်းကြောင့် ရေကြီးရေလျှံမှု ထိန်းချုပ်ရေး အခြေအနေ ဆိုးဝါးနိုင်ကြောင်း တရုတ်နိုင်ငံ ရေအရင်းအမြစ်ဆိုင်ရာ အာဏာပိုင်က သတိပေးထားခဲ့သည်။

ငွေကြေးထောက်ပံ့မှု အရှိန်မြင့်တင်ခြင်းဖြင့် ဝန်ကြီးဌာနနှစ်ခုက နယ်ပယ်အားလုံးရှိ ဦးစီးဌာနအဆင့်ဆင့်ကို အဓိက ရေကြီးရေလျှံကာလမတိုင်မီ ပျက်စီးနေသော ရေကြီးရေလျှံထိန်းချုပ်ရေး အဆောက်အဦများ ပြုပြင်ရေးကို ဖြစ်နိုင်သမျှမြန်မြန် အားသွန်ခွန်စိုက်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

တစ်ချိန်တည်းမှာပင် ယူနန်ပြည်နယ်ရှိ ဒေသခံ ဦးစီးဌာနကိုလည်း မိုးခေါင်မှုကြောင့် ဆုံးရှုံးမှု လျှော့ချရေးနှင့် ထိခိုက်မှုများ သက်သာစေရန် ရေထောက်ပံ့ရေး အဆောက်အအုံများ ချက်ချင်းတည်ဆောက်ရန် ညွှန်ကြားထားကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117