Connect with us

China

တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ထရမ့် ရောက်ရှိလာ 

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က မြို့တော် ပေကျင်းသို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ) 

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် နိုင်ငံတော်ခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ မေ ၁၃ ရက် ညနေပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

ထရမ့်သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ မေ ၁၃ ရက်မှ ၁၅ ရက်အထိ ခရီးစဉ်လာရောက်ခြင်းဖြစ်သည်။ 

ယခုခရီးစဉ်သည် ၉ နှစ်နီပါး ကာလအတွင်း တရုတ်နိုင်ငံသို့ အမေရိကန်နိုင်ငံ သမ္မတ၏ ပထမဆုံးခရီးစဉ်လည်း  ဖြစ်သလို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစ၍ ထရမ့်၏ ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်သည်။ 

ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံဆက်ဆံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်းသော အဓိက ကိစ္စရပ်များအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ဆွေးနွေးကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။ 

ထရမ့်အား တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က လေဆိပ်တွင် ကြိုဆိုခဲ့သည်။  (Xinhua) 

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က မြို့တော် ပေကျင်းသို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က မြို့တော် ပေကျင်းသို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

………………………..

(English Version)

 Trump arrives in Beijing for state visit to China

BEIJING, May 13 (Xinhua) — U.S. President Donald Trump arrived in Beijing on Wednesday evening for a state visit to China.

At the invitation of Chinese President Xi Jinping, Trump is visiting China from May 13 to 15.

This is the first U.S. presidential visit to China in almost nine years and Trump’s second since November 2017.

The two leaders will have an in-depth exchange of views on major issues concerning bilateral relations and world peace and development, according to China’s foreign ministry.

Trump was welcomed by Chinese Vice President Han Zheng at the airport. 

Photo 1, 2, 3: U.S. President Donald Trump arrives in Beijing on May 13, 2026, for a state visit to China. (Xinhua/Yue Yuewei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.