Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အင်ဒိုနီးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာ

အင်ဒိုနီးရှားနိုင်ငံသို့ မေ ၆ရက်တွင် တရားဝင်ခရီးစဉ် ရောက်ရှိလာသော တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်အားတွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ မေ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ မေ ၆ရက်တွင် တရားဝင်ခရီးစဉ် အဖြစ် ရောက်ရှိလာခဲ့ပြီး ယခုခရီးစဉ် သည် မတ်လ တွင် အစိုးရအဖွဲ့သစ် တာဝန်ယူပြီးချိန်မှစ၍ ၎င်း၏ ပထမဆုံး နိုင်ငံခြားခရီးစဉ် ၏ ပထမမြောက် နိုင်ငံဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ်တွင် တရုတ်-အင်ဒိုနီးရှား ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်ခြင်း ၅နှစ်ပြည့် အထိမ်းအမှတ် နှင့် တရုတ်နိုင်ငံ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကြား မဟာဗျူဟာမြောက် ဆက်ဆံရေး ၁၅နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လီ၏ ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဝန်ကြီးချုပ်အား အင်ဒိုနီးရှားနိုင်ငံ ရေကြောင်းသွားလာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု ဝန်ကြီး Luhut Binsar Pandjaitan နှင့် အခြားအကြီးတန်းအရာရှိများက လေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

လီ၏ ခရီးစဉ်အတွင်း ၎င်းသည် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo) နှင့် အင်ဒိုနီးရှားနိုင်ငံ ဒုတိယ သမ္မတ ဂျူဆက်ဖ် ကယ်လာ (Jusuf Kalla) တို့ နှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး တရုတ်-အင်ဒိုနီးရှား စီးပွားရေးညီလာခံတစ်ခုသို့ တက်ရောက်သွားမည်ဖြစ်သည့်အပြင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ၌ လက်မှတ်ရေးထိုးခြင်းတွင်လည်း အသိသက်သေအဖြစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးချုပ်သည် အာဆီယံ အဖွဲ့ဝင် ၁၀နိုင်ငံ အသိုက်အဝန်း နှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုအား အလေးပေးဖော်ပြရန် အာဆီယံရုံးသို့ သွားရောက်ကာ အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ၅နှစ်ပြည့် အထိမ်းအမှတ်ဆိုင်ရာ အခမ်းအနားများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ် ပြီးနောက် လီသည် ဂျပန်နိုင်ငံသို့ မေလ၈ ရက်တွင် တရားဝင်ခရီးစဉ် သွားရောက်ကာ ၇ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ အစည်းအဝေး သို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.