Connect with us

Politics, Law & Military

တရုတ် နိုင်ငံက စစ်သင်္ဘောနှင့် တိုက်လေယာဉ်များ စေလွှတ်ကာ အမေရိကန်နိုင်ငံ၏ တရုတ် နိုင်ငံပိုင် တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းများသို့ စစ်သင်္ဘော စေလွှတ်ခဲ့သည့် အပေါ် စောင့်ကြည့် လေ့လာ

တရုတ်နိုင်ငံ ရေတပ် ပြောရေးဆိုခွင့်ရှိသူ လျန်ရန် (လယ်) ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ် ပြောရေးဆိုခွင့်ရှိသူ လျန်ရန်က အောက်တိုဘာ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံ ရေတပ် အနေဖြင့် Lassen စစ်သင်္ဘောအား တရုတ် နိုင်ငံပိုင် တောင်တရုတ် ပင်လယ်ရှိ ကျွန်းစွယ်များထံသို့ စေလွှတ်ခဲ့သောကြောင့် တရုတ် နိုင်ငံ လေတပ်နှင့် ရေတပ်တို့မှ နိုင်ငံတကာ ဥပဒေ နှင့် အညီ စောင့်ကြည့် လေ့လာမှုများ ပြုလုပ်နေကြောင်း ပြောကြား ခဲ့သည်။

လျန်ရန်က တရုတ် နိုင်ငံ အနေဖြင့် တောင်တရုတ် ပင်လယ် အတွင်းရှိ ကျွန်းများနှင့် ရေပိုင်နက် ပိုင်ဆိုင်မှု သည် အငြင်းပွား စရာမရှိသော အချုပ်အခြာအာဏာ ပိုင်မှု ဖြစ်ပြီး တရုတ် နိုင်ငံ ရေတပ် အနေဖြင့် တာဝန်အရ တရုတ် နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေး အတွက် တောင်တရုတ် ပင်လယ် အား တည်ငြိမ် အေးချမ်းရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လျန်ရန်က တရုတ် နိုင်ငံ ရေတပ် အနေဖြင့် ရေကြောင်း နှင့် လေကြောင်း တို့မှ အနီးကပ် စောင့်ကြည့် လေ့လာမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ လုံခြုံရေး အပေါ် ထိခိုက် နစ်နာစေမည့် ရေကြောင်းနှင့် လေကြောင်း မတော်တဆမှုများ မဖြစ်ပွားရန် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံအား တရုတ် နိုင်ငံ၏ ဖြတ်သန်း သွားလာရေး ဆိုင်ရာ စည်းမျဉ်း စည်းကမ်း များကို လိုက်နာပြီး မတော်တဆမှုများ မဖြစ်ပွားရန် တိုက်တွန်း လိုကြောင်း ပြောကြား ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117