Connect with us

Politics, Law & Military

ရှီ ၏ ဆားဘီးယား ခရီးစဉ် ဒုတိယ မြောက် နေ့တွင် သဘောတူစာချုပ် ၂၀ ကျော် လက်မှတ်ထိုး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဆားဘီးယားနိုင်ငံ သမ္မတ Tomislav Nikolic အား လက်မှတ်ရေးထိုးပွဲ အခမ်းအနား တစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ဆားဘီးယား၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဆားဘီးယား ခရီးစဉ် ဒုတိယ မြောက်နေ့ ဖြစ်သည့် ဇွန် ၁၈ ရက်တွင် ရှီသည် ဆားဘီးယားနိုင်ငံ မြို့တော် ဘယ်လ်ဂရိတ် တွင် နေထိုင်လျက်ရှိကာ တက်ရောက်မည့် အစည်းအဝေး အခမ်းအနားများ ကျန်ရှိနေသေးကြောင်း သိရသည်။

ဆားဘီးယားနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့သည် စီပွားရေး၊ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း နှင့် ငွေကြေးကဏ္ဍ ဆိုင်ရာ စီမံကိန်း အခု ၂၀ ကျော် သဘောတူ လက်မှတ်ရေးထိုးသည့် အခမ်းအနား အား ကျင်းပခဲ့သည်။

ထိုသဘောတူလက်မှတ် ရေးထိုးမှုအား တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၊ ဆားဘီးယားနိုင်ငံ သမ္မတ Tomislav Nikolic နှင့် ဝန်ကြီးချုုပ် Aleksandar Vucic တို့ ရှေ့မှောက်တွင် လုပ်ဆောင်ခဲ့ပြီး အစောပိုင်းတွင် တရုတ်သမ္မတ နှင့် ဆားဘီးယား သမ္မတ တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ် နှင့် ဆားဘီးယား တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး အား ပြီးပြည့်စုံသည့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး အဖြစ် တိုးမြှင့်ရန် သဘောတူခဲ့ကြသည်။

ဆားဘီးယားနိုင်ငံသမ္မတ Tomislav Nikolic သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား မြို့တော် ဘယ်လ်ဂရိတ် တွင် အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117