Connect with us

Politics, Law & Military

အမေရိကန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ဆိုင်ရာ နယူးယောက် အစီရင်ခံစာကို တရုတ်သံတမန် ကြိုဆို

အမေရိကန် နိုင်ငံ နယူးယောက်မြို့ မြင်ကွင်း (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အမေရိကန်နိုင်ငံသို့ ယခုလကုန်ပိုင်းတွင် သွားရောက်မည့် တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အပေါ် ကြိုဆိုကြောင်းနှင့် အမေရိကန် အာဏာရပါတီ နှင့် အတိုက်အခံ ပါတီ နှစ်ရပ်လုံးမှ အမေရိကန်-တရုတ် နိုင်ငံအချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ထောက်ခံကြောင်း တို့ကို ဖော်ပြထားသည့် နယူးယောက် အစီရင်ခံစာကို လက်ခံ ကျင့်သုံးခြင်းအပေါ် ကြိုဆိုကြောင်း တရုတ်နိုင်ငံ သံတမန်က ကြာသာပတေးနေ့တွင် ပြောကြားလိုက်သည်။

နယူးယောက် ပြည်နယ်ဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန် ကျန်းချီယွဲ့က အမေရိကန်နှင့် တရုတ်နိုင်ငံ၏ ပြည်သူတို့ အကြား ဆက်နွယ်မှုသည် ယခုလောက် နီးစပ်မှု မရှိဖူးကြောင်းနှင့် နယူးယောက်အစီရင် ခံစာသည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို နီးကပ်စေရန် အားပေးကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောပါသည်။

“ဒီနေ့မှာ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ၂၁ ရာစုအတွင်း အဓိပ္ပါယ်ရှိသော နှစ်နိုင်ငံ ဆက်ဆံရေး အဖြစ် အခြေခံ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ခဲ့ ပါတယ်” ဟု ကျန်းကပြောသည်။

နယူးယောက်မြို့သည် တရုတ်နိုင်ငံသားများ လာရောက် လည်ပတ်သည့် အကျော်ကြားဆုံး နေရာတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှု စတုတ္ထ အများဆုံး ဖြစ်ခဲ့ပါသည်။ ထို့အပြင် နယူး ယောက်မြို့သည် အမေရိကန်ရှိ မြို့အားလုံးတွင် တရုတ်လူမျိုး ကျောင်းသားများနှင့် ကုမ္ပဏီများ အများဆုံး ဆုံဆည်းရာ မြို့တစ်မြို့လည်း ဖြစ်သည်ဟု ကျန်းက ဆိုသည်။

“တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ တက်ကြွစွာပါဝင် မှုနဲ့ နှစ်နိုင်ငံကြား အနာဂတ် ဆက်ဆံရေး ပိုမိုတောက်ပ လာမယ်လို့ ယုံကြည်ပါတယ်” ဟု တရုတ် သံတမန် ကျန်းက ပြောသည်။

လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း အမေရိကန် နိုင်ငံသို့ သွားရောက်မည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်သည် အင်အားကြီးနိုင်ငံ အချင်းချင်း ဆက်ဆံရေး၏ အဓိက သမိုင်းမှတ်တိုင် တစ်ခုလည်းဖြစ် ပါသည်။

“သမ္မတ ရှီရဲ့ ခရီးစဉ်ဟာ ကောင်းမွန်ပြီးသား ဖြစ်တဲ့ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ဖလှယ်မှုအတွက် ကောင်းသတင်းတွေ ယူဆောင်လာနိုင်ပါလိမ့်မယ်။ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်ရဲ့အောင်မြင်မှုနဲ့အတူ အတူတကွ လုပ်ဆောင်သွားကြပါစို့” ဟု ကျန်း ကပြောသည်။ (Xinhua)