Connect with us

Politics, Law & Military

အွန်လိုင်း မြေပုံ ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း အသစ်များ တရုတ် ထုတ်ပြန်

တရုတ်နိုင်ငံအတွင်း နေအိမ် နှင့် ဆိုင်သည့် တည်နေရာ အချက်အလက်များအား သိမ်းဆည်းထားရန် အွန်လိုင်းမြေပုံ ဝန်ဆောင်မှု ဆိုင်ရာစည်းမျဉ်းစည်းကမ်း အသစ်များ ထုတ်ပြန်တော့မည် ဖြစ်သည် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၅ (ဆင်ဟွာ)

ပထဝီဝင် အနေအထားနှင့် ပို၍ကျယ်ပြန့်သည့် နောက်ဆုံးပေါ် သတင်းအချက်အလက် အစိတ်အပိုင်း တစ်ခု အဖြစ် အွန်လိုင်း မြေပုံ ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း အသစ်များအား တရုတ်နိုင်ငံက ဒီဇင်ဘာလ ၁၄ ရက်တွင် စတင်မိတ်ဆက် ကြေညာလိုက်သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က လက်မှတ်ရေးထိုးထားပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ဝင်မည် ဖြစ်သည့် ထိုစည်းမျဉ်းစည်းကမ်းအသစ်မှာ နိုင်ငံ့ အချုပ်အခြာအာဏာအား ထိန်းသိမ်းရန်နှင့် ပထဝီ သတင်းအချက်အလက်ဆိုင်ရာ လုံခြုံရေး၊ ပြည်သူ့ဝန်ဆောင်မှု တိုးတက်ရေး အတွက် လုပ်ဆောင်ခြင်း ဖြစ် ကြောင်း တရုတ် အစိုးရအဖွဲ့၊ နိုင်ငံတော်ကောင်စီက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ဈေးကွက်ဝင်ရောက်ခွင့်၊ လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု အချက်အလက်၊ သတင်းအချက်အလက် ကာကွယ်ရေး သုံးစွဲသူ၊ အင်တာနက်မြေပုံ ဝန်ဆောင်မှုများ ကြီးကြပ်ခြင်းနှင့် မှတ်ပုံတင်ခြင်း စသည်တို့အား ကဏ္ဍသစ်တွင် သတ်မှတ်လုပ်ကိုင်ပြီး ဖြစ်သည်။ အဆိုပါ စည်းမျဉ်းစည်းကမ်း အသစ်များသည် လုပ်ငန်းငယ်များအပေါ် ခိုင်မာ သည့် မူဝါဒ ထောက်ပံ့ရန်နှင့် မျှတသည့် ကြီးကြပ်မှုများ လုပ်ဆောင်ရန်ဖြစ်သည်။

ထို စည်းမျဉ်းစည်းကမ်းများသည် အွန်လိုင်း မြေပုံဝန်ဆောင်မှု Providers များသည် မြေပုံထုတ်ခြင်း ကန့်သတ် ချက်များ ပိုင်ဆိုင်ခြင်း၊ တရုတ်နိုင်ငံပိုင် နယ်နိမိတ်အတွင်းရှိ နေအိမ်နှင့်ဆိုင်သည့် တည်နေရာ အချက်အလက် များအား သိမ်းဆည်းထားခြင်းနှင့် လုံခြုံသည့် အချက်အလက်များ သေသေချာချာ တိုင်းတာရန် အတွက် လုပ် ဆောင်သွားမည် ဖြစ်သည်။

ထိုကဲ့သို့ လုပ်ဆောင်ရာတွင် အချက်အလက် စုဆောင်းခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက် သုံး စွဲခြင်းများ မပြုမီ သုံးစွဲသူ အိမ်ပိုင်ရှင်များထံမှ ခွင့်ပြုချက် တောင်းခံရန် လိုအပ်ကြောင်းနှင့် တရားမဝင် ရောင်း ဝယ်ခြင်းများအား ကန့်သတ်ရန် စသည်တို့လည်း ပါဝင်သည်။

အဆိုပါ service provider သည် မြေပုံ အချက်အလက် ထုတ်လွှင့်ခြင်းများ ရပ်တန့်ရန်နှင့် မြေပုံရေးဆွဲခြင်း အစီရင်ခံစာ၊ တရားမဝင် လုပ်ဆောင်ကြောင်း တွေ့ရှိသည့်အခါ ထုတ်ပြန်ခြင်း သို့မဟုတ် အင်တာနက် လုံခြုံ ရေး အခွင့်အာဏာ စသည်တို့အား လုပ်ဆောင်ပေးမည် ဖြစ်သည်။ (Xinhua)