Connect with us

Politics, Law & Military

အမေရိကန် ဒေါ်လာ ၂၅၀ ဘီလီယံတန်ဖိုးရှိသော စီးပွားရေး သဘောတူစာချုပ်များ တရုတ်နှင့် အမေရိကန် ကုမ္ပဏီများ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ စီးပွားရေး ဆွေးနွေးဖလှယ်ပွဲ တက်ရောက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နှင့် အမေရိကန် ကုမ္ပဏီများသည် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံ တန်ဖိုးရှိသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ယနေ့ (နိုဝင်ဘာလ ၉ ရက်) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသည် တရုတ် သမ္မတ ရှီနှင့် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ရှေ့မှောက်၌ ပြုလုပ်ခဲ့ပြီးနောက် ရှီက သဘောတူစာချုပ် ပမာဏအား ထုတ်ဖော်ပြောလိုက်ခြင်း ဖြစ်သည်။

ယင်း ပမာဏ အချက်အလက်များ ကြည့်ခြင်းအားဖြင့် တရုတ်နှင့် အမေရိကန်တို့သည် အပြန်အလှန် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကြီးမားသော အလားအလာရှိသည်ဟု ရှီက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.