Connect with us

Politics, Law & Military

တရုတ်နိုင်ငံက သွင်းကုန်များ ပမာဏများပြားစွာ တိုးမြှင့်ရန်ရှိ

ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်၌ မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကုန်စည်နှင့် ဝန်ဆောင်မှု သွင်းကုန်များအား ပမာဏများပြားစွာ တိုးမြှင့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

ထို့ပြင် တရုတ်နိုင်ငံက သွင်းကုန်အပေါ်ကောက်ခံသည့်နှုန်းထားများအား ထပ်မံလျှော့ချပေးမည်ဟု မြို့တော် ပေကျင်းတွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဈေးကွက် တံခါးဖွင့်ဝါဒအား ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်းနှင့် ကမ္ဘာတစ်ဝန်းမှ အရည်အသွေးမီ ထုတ်ကုန်များအား ကြိုဆိုကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက အများနှင့်ယှဉ်ပြိုင်မှုရှိသော လယ်ယာထုတ်ကုန်များ၊ အချောသတ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ပိုမိုတင်သွင်းရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.