Connect with us

Politics, Law & Military

ကိုးရီးယားစစ်ပွဲ အတွင်း ကျဆုံးခဲ့သော တရုတ်စစ်သည် ရုပ်အလောင်း ၃၆ လောင်းအား တရုတ်နိုင်ငံသို့ပြန်လည် လွှဲပြောင်းပေးအပ်

ကိုးရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သော တရုတ်စစ်သည်များ၏ ရုပ်အလောင်းများအား ကိုးရီးယားနိုင်ငံ အင်ချွန်း နိုင်ငံတကာ လေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ပြန်လည် သယ်ဆောင်လာစဉ် (ဆင်ဟွာ)

အင်ချွန်း ၊ မတ် ၃၁ ရက် ( ဆင်ဟွာ )

၁၉၅ဝ-၅၃ ခုနှစ် ၊ ကိုးရီးယားကျွန်းဆွယ် စစ်ပွဲအတွင်း ကျဆုံးခဲ့ရသည့် တရုတ် စစ်သား ရုပ်အလောင်း ၃၆ လောင်းကို ကိုးရီးယားသမ္မတနိုင်ငံမှ တဆင့် တရုတ်နိုင်ငံသို့မတ်လ ၃၁ ရက်တွင် ပြန်လည် လွှဲပြောင်းပေးခဲ့ ကြောင်းသိရသည်။

တရုတ်ကျဆုံးစစ်သည်များ ရုပ်အလောင်း ထည့်ထားသော အခေါင်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကိုးရီးယား သမ္မတနိုင်ငံ မြို့တော် ဆိုးလ်မြို့မှ အနောက်ဖက် ကီလိုမီတာ ၅ဝ ကျော် အကွာတွင် တည်ရှိသည့် အင်ချွန်းနိုင်ငံတကာ လေဆိပ်တွင် ပြုလုပ် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျဆုံးစစ်သည်များ၏ ရုပ်အလောင်းများ ထည့်ထားသည့် အခေါင်းများကို ကိုးရီးယား တာဝန်ရှိသူများက တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တရုတ်နိုင်ငံပြည်သူ့ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Dou Yupei ထံသို့လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကိုးရီးယားသမ္မတနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး Qiu Guohong က အခေါင်းတစ်ခုချင်းစီ ပေါ်တွင် တရုတ်နိုင်ငံတော် အလံကို ဖုံးအုပ်ပေးခဲ့ပြီး အခေါင်းအားလုံးကို တရုတ်နိုင်ငံ တပ်မတော် အထူးလေယာဉ်ဖြင့် ပြန်လည် သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။
၂ဝ၁၄ ခုနှစ် မှ ၂ဝ၁၅ ခုနှစ်အတွင်း တရုတ်ကျဆုံးစစ်သည် ရုပ်အလောင်းပေါင်း ၅ဝ၅ လောင်းကို ကိုးရီးယားသမ္မတ နိုင်ငံမှ တဆင့် တရုတ်နိုင်ငံသို့ ပြန်လည် သယ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် မတ်လ ၃၁ ရက်နေ့တွင် ကျင်းပသည့် အဆိုပါ အခေါင်း လွှဲပြောင်း ပေးအပ်ပွဲသည် ၂ဝ၁၄ ခုနှစ်မှ စတင်ရေတွက် ပါက သုံးကြိမ်မြောက် လွှဲပြောင်း ပေးအပ်ပွဲ ဖြစ်ကြောင်း သိရသည်။
အခမ်းအနား အပြီးတွင် တရုတ် နိုင်ငံမှ တာဝန်ရှိသူများ နှင့် ကိုးရီယားနိုင်ငံမှ တာဝန်ရှိသူများ က “ ယခုကဲ့သို့ ရုပ်အလောင်းများ ပြန်လည် လွှဲပြောင်းပေးခြင်းဖြစ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပြသရာ ရောက်ကြောင်းနှင့် အနာဂတ်တွင်လည်း ဗျူဟာမြောက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု များကို ဆက်လက် လုပ်ဆောင်သွားမည်” ဟု အသီးသီး ထုတ်ဖော် ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံ နှင့်ကိုးရီးယား နှစ်နိုင်ငံကြားတွင် ကိုးရီးယား ပြည်တွင်း စစ်အတွင်း ကျဆုံးခဲ့ရသည့် တရုတ်နိုင်ငံသား စစ်သားများ၏ ရုပ်အလောင်းများ လွှဲပြောင်းပေးအပ်ပွဲကို နှစ်စဉ် ပြုလုပ်သွားရန် သဘောတူညီထားကြကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.