Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် ခီရီဘာတီနိုင်ငံအကြား ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ခီရီဘာတီနိုင်ငံ သမ္မတ တန်နတ်တီ မမ်မာအူတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ခီရီဘာတီနိုင်ငံတို့သည် ပေကျင်းမြို့၌ ဇန်နဝါရီ ၆ ရက်က ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးမှုသည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထားရှိသော ပစိဖိတ်ကျွန်းနိုင်ငံ ၁၀ နိုင်ငံလုံးနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးလိုက်ခြင်းလည်း ဖြစ်သည်။ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ခီရီဘာတီနိုင်ငံ သမ္မတ တန်နတ်တီ မမ်မာအူတို့ တွေ့ဆုံဆွေးနွေးပြီးနောက် ခေါင်းဆောင်နှစ်ဦး၏ ရှေ့မှောက်၌ ယင်း နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ (Xinhua)