Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တည်ထောင်ခြင်း နှစ် ၉ဝ ပြည့် ဂုဏ်ပြု ညစာစားပွဲတက်ရောက်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အဆင့်မြင့် အစိုးရအရာရှိများအား တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း နှစ် ၉ဝ ပြည့် ဂုဏ်ပြုညစာ စားပွဲတွင် အတူတကွတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဇူလိုင်လ ၃၁ ရက် ညပိုင်းက ပြုလုပ်ခဲ့သည့် သြဂုတ်လ ၁ ရက်တွင် ကျရောက်မည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း နှစ် ၉ဝ ပြည့် ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ သမ္မတရှီသည် တရုတ်စစ်တပ်မှ သူရဲကောင်းများ ၊ စစ်မှုထမ်းဟောင်းများ နှင့်အတူ ပြည်တွင်း ၊ ပြည်ပ ဧည့်သည်တော် ၁၈ဝဝ ကျော် တက်ရောက်ခဲ့သည့် ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးမှ ဂုဏ်ပြုဧည့်ခံတည့်ခင်းသော ညစာစားပွဲသို့ လီခဲ့ချန် ၊ ကျန်းတယ်ကျန်း ၊ ယွီကျိမ်စိမ်း၊ လျိုယွမ်စမ်း ၊ ဝမ်ကွီရှမ်း နှင့် ကျန်းကောလိ စသည့် ထိပ်တန်းခေါင်းဆောင်များအပါအဝင် အဆင့်မြင့် တရုတ်ကွန်မြူနစ်ပါတီ နှင့် အစိုးရအရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ချန်ဝမ့်ချွမ်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တရုတ်စစ်တပ်အား နိုင်ငံ နှင့် ပါတီက ယုံကြည်ကိုးစားသော လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်ရန် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.