Connect with us

Politics, Law & Military

တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်မည့် လာအိုနိုင်ငံ သမ္မတ ဘွန်ညံဗိုရာချစ်၏ ကိုယ်ရေး အကျဉ်း

လာအိုနိုင်ငံ သမ္မတ ဘွန်ညံဗိုရာချစ်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ သမ္မတ ဘွန်ညံဗိုရာချစ်သည် ၂ဝ၁၆ ခုနှစ် မေလ ၃ ရက်မှ ၅ ရက်ထိ တရုတ်နိုင်ငံသို့ချစ်ကြည်ရေး ခရီးလာရောက်မည် ဖြစ်ကြောင်း သိရသည်။ ၎င်းသည် လာအို ပြည်သူ့တော်လှန်ရေး ပါတီ (LPRP) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကိုလည်း ရယူထားသူ တစ်ဦး ဖြစ်သည်။

၎င်း၏ ကိုယ်ရေးအကျဉ်းကို အောက်တွင် ဖော်ပြလိုက်ပါသည်။
ဘွန်ညံဗိုရာချစ်ကို ၁၉၃၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဗီယန်ကျင်းမြို့ပါတီအကြီးအကဲ နှင့် မြို့တော်ဝန် အဖြစ် လည်းကောင်း ၊ ထို့နောက်တွင် ဒုတိယ ဝန်ကြီးချုပ် နှင့် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် လည်းကောင်း ရာထူးအဆင့်ဆင့် တာဝန်ယူခဲ့သည်။ ၎င်းသည် ၂ဝဝ၁ ခုနှစ်တွင် လာအိုနိုင်ငံ၏ ဝန်ကြီးချုပ် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။
၂ဝဝ၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော ၈ ကြိမ်မြောက် LPRP ပါတီ ညီလာခံတွင် ဘွန်ညံဗိုရာချစ်သည် ပါတီ ဗဟိုကော်မတီဝင်၏ နိုင်ငံရေး ဗြူရိုအဖွဲ့ဝင် ၊ LPRP ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့၏ အမြဲတမ်းအဖွဲ့ဝင် နှင့် ဒုတိယ သမ္မတ စသည့် ရာထူး အမျိုးမျိုးကို တိုးမြှင့် ပေးအပ်ခြင်း ခံရသည်။
၂ဝ၁၆ ခုနှစ် ဇန်နဝါရီတွင် ပြုလုပ်ခဲ့သည့် အာဏာရပါတီ၏ ၁ဝ ကြိမ်မြောက် ညီလာခံတွင် မစ္စတာ ဘွန်ညံဗိုရာချစ်သည် LPRP ဗဟိုကော်မတီ၏ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ၎င်းသည် ၂ဝ၁၆ ခုနှစ် ဧပြီလ ၂ဝ ရက်တွင် လာအိုနိုင်ငံ၏ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.