Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ခေတ်သစ်ပိုးလမ်းမကြီး၏ အကျိုးအမြတ်ကို အပြန်အလှန်ခံစားခွင့်ရစေမည်ဟု ကတိပြုပြောကြား

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗြူရိုအဖွဲ့ဝင်များအား သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၁ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ခေတ်သစ်ပိုးလမ်းမကြီးတွင် အကံျူးဝင်သည့်နိုင်ငံအားလုံး၏ ရေရှည် အကျိုးစီးပွားကိုကြည့်ပြီး တရုတ်နိုင်ငံက ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုက်သည်။

၂ဝ၁၆ ခုနှစ် ဧပြီ ၂၉ ရက် ညနေပိုင်းတွင် ပြုလုပ်ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ (CPC)ဗဟိုကော်မတီဝင်များ၏ နိုင်ငံရေးဗြူရိုအဖွဲ့ဝင်များတက်ရောက်ဆွေးနွေးကြသည့် ပိုးလမ်းမကြီး နှင့် ရေကြောင်း ပိုးလမ်းမကြီး ဆိုင်ရာ ဆွေးနွေးပွဲတွင် သမ္မတရှီကျင့်ဖိန်က အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
“ ခေတ်သစ်ပိုးလမ်းမကြီးဟာ တရုတ်နိုင်ငံတစ်ခုထဲအတွက်မဟုတ်ပါဘူး။ အဲဒီပိုးလမ်းမကြီးမှာ ပါဝင်နေတဲ့နိုင်ငံအားလုံးအတွက် အကျိုးခံစားခွင့်တွေယူဆောင်လာပေးမယ်လို့ကျွန်တော် ယုံကြည်ပါတယ်” ဟု သမ္မတရှီက ဆိုသည်။
ပိုးလမ်းမကြီးစီးပွားရေး နှင့် ၂၁ ရာစု ရေကြောင်းပိုးလမ်းမကြီး တို့ကိုပေါင်းစပ်၍ ခေတ်သစ်ပိုးလမ်းမကြီးအဖြစ် တရုတ်နိုင်ငံသမ္မတရှီက ၂ဝ၁၃ ခုနှစ်တွင် စတင်ဖော်ဆောင်ပေးခဲ့သည်။ ရည်ရွယ်ချက်မှာ ရှေ့ယခင် တရုတ်ပိုးလမ်းမဟောင်းတစ်လျှောက်ဖြစ်သော အာရှ – အာဖရိက ၊ အာရှ – ဥရောပ ကုန်သွယ်ရေးပြုလုပ်ရန် နှင့် အခြေခံအဆောက်အအုံ တည်ဆောက်၍ ကူးလူးဆက်ဆံကြရန် ဖြစ်သည်။
အဆိုပါခေတ်သစ်ပိုးလမ်းမကြီးတွင် နိုင်ငံပေါင်း ၆ဝကျော်ပါဝင်ပြီး လူဦးရေ ၄.၄ ဘီလီယံကျော် ( သို့မဟုတ် ) ကမ ္ဘာ့လူဦးရေ ၆၃ ရာခိုင်နှုန်းထိ ရှိနေကြောင်းသိရသည်။ ၎င်းပိုးလမ်းမကြီး၏ ရည်ရွယ်ချက်သည် တရုတ်နိုင်ငံ တစ်ခုထဲ ဖွံဖြိုးတိုးတက်အောင် တွန်းအားပေးရန် မဟုတ်ဘဲ တခြားနိုင်ငံအားလုံးအတွက် ရည်ရွယ်ကြောင်း သမ္မတရှီ ကဆိုသည်။ “ ကိုယ့်အကျိုးစီးပွားကို ဂရုစိုက်နေတဲ့အချိန်မှာ အခြားနိုင်ငံတွေရဲ့အကျိုးစီးပွားကိုလည်း ဂရုစိုက်ဖို့ပိုပြီးထည့်သွင်းစဉ်းစားရပါလိမ့်မယ် ” ဟု ရှီကပြောသည်။
ထို့ပြင်သမ္မတရှီက တရုတ်ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားတိုင်းပြည်များတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် အကျိုးစီးပွားတစ်ခုထဲကို မကြည့်ဘဲ တာဝန်ခံမှုများ နှင့် ဥပဒေကိုလေးစားလိုက်နာမှုအပိုင်းတွင် နာမည်ကောင်းများရရှိအောင် ပြုမူကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.