Connect with us

Politics, Law & Military

တရုတ်အဆင့်မြင့်သံတမန်က တရုတ်-အာဆီယံ ဆက်ဆံရေး မောင်းနှင်အားသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးအတွက်ဟု ဆို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ မစ္စတာ ယန်ကျဲ့ချီတို့ စက်တင်ဘာ ၁ ရက်က နေပြည်တော်၌တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အဆင့်မြင့်သံတမန် မစ္စတာယန်ကျဲ့ချီသည် စက်တင်ဘာ ၁ ရက်က မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်စဉ် တရုတ်-အာဆီယံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံနှင့်အတူ အမြင်များ နက်ရှိုင်းစွာ အပြန်အလှန်ဖလှယ်ခဲ့ကြောင်း နှင့် နှစ်ဖက်စလုံးက သဘောတူညီမှု အများအပြား ရရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ မစ္စတာ ယန်ကျဲ့ချီသည် ဆင်ဟွာ၏ စာဖြင့်ရေးသားပေးပို့သော အင်တာဗျူးတစ်ခုအား ဖြေကြားရာတွင် အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

၎င်းက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)တွင် အရေးပါသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် အာဆီယံနှင့် အလွန်အရေးကြီးသော သံတမန်အဆက်အသွယ်ပြုဆက်ဆံရေးရှိကြောင်း နှင့် ၎င်း၏ အိမ်နီးချင်းသံတမန်ဆက်ဆံရေး ဦးစားပေးအဆင့်တစ်ခုဖြင့် အာဆီယံနှင့် ဆက်ဆံလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ မစ္စတာ ယန်ကျဲ့ချီ တို့ စက်တင်ဘာ ၁ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အဆင့်မြင့်သံတမန်တစ်ဦးဖြစ်သူ မစ္စတာယန်ကျဲ့ချီက တရုတ်နိုင်ငံအနေဖြင့် အာဆီယံအသင်းကြီး စည်းလုံးညီညွတ်မှု နှင့် ခိုင်မာသန်စွမ်းမှု ပိုမိုဖွံ့ဖြိုးလာအောင် ၎င်း၏ ကြိုးပမ်းအားထုတ်မှုအပေါ် ထောက်ခံအားပေးကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး တရုတ်-အာဆီယံ ဆက်ဆံရေးသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် မောင်းနှင်အားတစ်ခုဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

လာမည့်နှစ်သည် တရုတ်နိုင်ငံ နှင့်အာဆီယံ အကြား ဆွေးနွေးဖက်မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့်အခါသမယဖြစ်ကြောင်း နှင့် နှစ်ဖက်အပြည်အလှန်ပူးပေါင်းဆောင်ရွက်မှုသည် ကြီးမားသော အခွင်းအလမ်းများ နှင့် ကျယ်ပြန့်သော အကျိုးစီးပွားများကို ဖြစ်ထွန်းစေခဲ့ကြောင်း ယန်က မှတ်ချက်ပြုခဲ့သည်။

နှစ်ဖက်စလုံးအနေဖြင့် နယ်ပယ်ကဏ္ဍများစွာတွင် ၎င်းတို့၏ ဆက်ဆံရေးကို နက်ရှိုင်းစွာ ဆောင်ရွက်သွားရန် ၊ ပထမဆုံးအနေဖြင့် နှစ်ဖက်အကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်သွားရန် နှင့် တရုတ်သမ္မတရှီကျင့်ဖိန် နှင့် အာဆီယံခေါင်းဆောင်များအကြား ရရှိခဲ့သည့် အလွန်အရေးပါသောသဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတူတကွလက်တွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက  ဖြည့်စွက်ပြောကြားခဲ့သည်။

ဒုတိယအချက် အနေဖြင့် နှစ်ဖက်စလုံးသည် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်သွားသင့်ကြောင်း နှင့် အာဆီယံချိတ်ဆက်ဆောင်ရွက်မှု ၂၀၂၅ မာစတာပလန်နှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမ တည်ဆောက်ရေးကို တစ်သားတည်း ဖြောင့်မတ်စွာ ဆက်လက်ဆောင်ရွက်သွားသင့်ကြောင်း ဆိုသည်။

တတိယအချက်အနေဖြင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့နေမှုကို ဆန်ကျင့်တိုက်ဖျက်ရန် နှစ်ဖက်စလုံးက နီးကပ်စွာ လုပ်ဆောင်သွားသင့်ကြောင်း ၊ ကာကွယ်ရေး နှင့် ကုသရေး ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ မြှင့်တင်သွားသင့်ကြောင်း နှင့် ကာကွယ်ဆေး နှင့် ကုသဆေး သုတေသနပြုခြင်း နှင့် ထုတ်လုပ်ခြင်းတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားသင့်ကြောင်း ၎င်းကဆိုသည်။

စတုတ္ထအချက်အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းသွားရန် ယန်က ပြောကြားခဲ့ပြီး နိုင်ငံတကာ ၊ ဒေသတွင်း နှင့် ကမ္ဘာ့အရေးကိစ္စရပ်များ ၊ နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒ ထောက်ခံအားပေးခြင်း ၊ ဒေသတွင်း တည်ငြိမ်းရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်း နှင့် နိုင်ငံတကာညီမျှမှု နှင့် တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့တွင် တရုတ်နိုင်ငံအနေဖြင့် အာဆီယံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု နှင့် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း ယန်ကျဲ့ချီက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)