Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အမေရိကန် နိုင်ငံ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် နှင့် ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား တက်ရောက်ရန် ယနေ့ စတင်ထွက်ခွာ

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် အမေရိကန် နိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနားသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း ကြေညာချက် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်း တွင် အမေရိကန် နိုင်ငံသို့ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီးစဉ်နှင့် ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား တက်ရောက်ရန် အထူး လေယာဉ်ဖြင့် တရုတ် နိုင်ငံ ပေကျင်း မြို့ မှ စတင် ထွက်ခွာ သွားခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ အိုဘားမား၏ ဖိတ်ကြားမှုအရ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက် အတွင်း အမေရိကန်သို့ တရားဝင် ချစ်ကြည်ရေး လည်ပတ် ကြည့်ရှုမှု (State Visit) သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၏ ဖိတ်ကြားမှု အရ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်အတွင်း အမေရိကန် နိုင်ငံ နယူးယောက် မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ပြုလုပ်မည့် ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနားကိုလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

ယခု ခရီးစဉ်တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် တို့နှင့် အတူ တရုတ် နိုင်ငံ တော် ဗဟို နိုင်ငံရေး ဗျူရို အဖွဲ့ဝင် ၊ ဗဟို နိုင်ငံရေး သုတေသန ဌာနမှူး ဝမ်ဟုနင်း ၊ တရုတ် နိုင်ငံ တော် ဗဟို နိုင်ငံရေး ဗျူရို အဖွဲ့ဝင် ၊ တရုတ် နိုင်ငံတော် ဗဟို အလုပ်ရုံး ဌာနမှူး လိကျမ့်ဆူး ၊ တရုတ် နိုင်ငံ တော် ကောင်စီဝင် ယန်ကျဲ့ချီ တို့ အတူတကွ လိုက်ပါ သွားခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.