Connect with us

Politics, Law & Military

တရုတ်-အမေရိကန် နျူကလီးယားလုံခြုံရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားကြရန် ကတိပြု

နျူကလီးယား လုံခြုံရေး NSS ဆွေးနွေးပွဲတွင် တရုတ်သမ္မတ နှင့် အမေရိကန် သမ္မတတို့အား နှစ်ဖက်ကိုယ်စားလှယ်များနှင့်အတူ တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၁ ရက် ( ဆင်ဟွာ )

ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလုံခြုံရေးအတွက် တရုတ်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့သည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု NSS နျူကလီးယား လုံခြုံရေး ဆွေးနွေးပွဲ မတိုင်ခင် မတ်လ ၃၁ ရက်က ပြုလုပ်သည့် နှစ်နိုင်ငံ ခေါင်းဆောင်များ အကြို တွေ့ဆုံပွဲတွင် နှစ်ဖက် ခေါင်းဆောင်များက အသီးသီး ထုတ်ဖော်ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံ သမ္မတ ဘာရက် အိုဘားမား တို့နှစ်ဦး ပူးတွဲ ထုတ်ပြန်သည့် ကြေညာချက်တွင် “ နိုင်ငံတကာ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအတွက် နျူကလီးယား အကြမ်းဖက် ခြိမ်းခြောက်မှုများကို တက်စွမ်းသမျှ လျှော့ချနိုင်အောင် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း နှင့် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားကို ရည်ရွယ်ပြီး နျူကလီးယား လုံးခြုံရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ” ဟု ထည့်သွင်း ဖော်ပြထားသည်။

ထိုကဲ့သို့နျူကလီးယား လုံခြုံရေး နှင့်ပတ်သက်ပြီး ကမ ္ဘာ့အင်အားကြီး နိုင်ငံ ၂ ခုဖြစ်သည့် တရုတ်နှင့်အမေရိကန် နိုင်ငံတို့သည် ဆွီဒင်နိုင်ငံ ၊ စတော့ဟုန်းမြို့၌ ပြီးခဲ့သော ဖေဖော်ဝါရီလ ကလည်း ဆွေးနွေးပွဲများပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ၂ဝ၁၆ ခုနှစ် မတ်လ ၁၈ ရက်တွင် တရုတ် နှင့် အမေရိကန် အစိုးရတာဝန်ရှိသူများသည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံကြပြီး အာရှ-ပစိဖိတ်ဒေသ နျူကလီးယားလုံခြုံရေး နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ထပ်မံပြုလုပ်ခဲ့ကြကြောင်း သိရသည်။
NSS ဆွေးနွေးပွဲများကို ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ နှစ်နှစ် တစ်ကြိမ် ပုံမှန်ကျင်းပခဲ့သည်။ ၂ဝ၁၆ ခုနှစ် မတ်လ ၃၁ ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို ့၌ စတင်ကျင်းပနေသည့် နျူကလီးယားလုံးခြုံရေးဆွေးနွေးပွဲသည် NSS ၏ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲကို ကမ ္ဘာ့နိုင်ငံပေါင်း ၅၂ နိုင်ငံ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၄ ခုတို့မှ ခေါင်းဆောင်များတက်ရောက်လျက်ရှိကြောင်းသိရသည်။ (Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.